ထွက်သမျှ မော်ဒယ်တိုင်းကို diagram ကြည့်ပြီး
လေ့လာဖို့ မလွယ်ဘူးထင်ပါတယ်
လေ့လာမိသလောက်ပြောရရင် အသုံးပြုထားတဲ့
ပါဝါအိုင်စီတွေကို တစ်ခုခြင်း စီရဲ့အလုပ်လုပ်ပုံ
ကိုမှတ်သားထားရင်တော်တော်အဆင်ပြေပါတယ်
ဥပမာ PM 8029 ဆိုပါစို့  8813 ကိုလေ့လာကြည့်ရင်
PM8029 သုံးထားတော့ 8813 မှာ အလုပ်လုပ်ပုံ
သိရင်8815.G610-C00.G730C-00 တွေမှာလဲ
PM8029 သုံးထားတော့ အလုပ်လုပ်ပုံ ဆင်တူပါတယ်
error တွေလဲ တူနေတတ်ပါတယ်
PM8110 ဆိုရင်လဲ C535 ကိုသိထားရင်
C8816.G6.Honor စတဲ့ဖုန်းတွေမှာဖြစ်တတ်တဲ့
charging error .sound error.တွေဟာတူညီနေတာ
တွေ့ရပါတယ်
MTK အုပ်စုတွေဖြစ်တဲ့ MT 6323 .6320.6329
စတဲ့အိုင်စီတွေမှာတော့ QUALCOMM အုပ်စုမှာသုံး
တဲ့ PM 8029.8110.8030.8916.8926.Hi6551
တို့ လိုအိုင်စီတွေနဲ့ မတူတဲ့အချက်တွေရှိပါတယ်
qualcomm တွေမှာ MSM reset ကိုပါဝါအိုင်စီကထုတ်ပေးပြီး
MSM clock ကို CPU ကနေ တိုက်ရိုက်ထုတ်ပေးပါတယ်
MTK အုပ်စုတွေမှာ Power on clock ကို Network
ပိုင်းအိုင်စီကနေတစ်ဆင့် ပြန်ရယူထားပါတယ်
ဒါကြောင့် MTK တွေမှာ reset ဖြစ်တဲ့
၃စက္ကန့် လောက်ဖိထားပြီးလွတ်လိုက်တဲ့အချိန်
clock ခုန်လိုင်းမရောက်လာရင် network
ပိုင်းမှာသုံးထားတဲ့ MT 6177 နဲ့သူ့ ရဲ့ ဗို့ ပေးတဲ့
အပိုင်းတွေစစ်ကြည့်ပေးဖို့ လိုလာပါတယ်
G730 U-00 တွေမှာ အဖြစ်များပါတယ်
ထိုနည်းတူ Battery status နဲ့ပတ်သက်တဲ့
error တော်တော်များများမှာလဲ MTK
အုပ်စုတွေအဖြစ်များကြပါတယ်
ဒါတောင် SAMSUNG.IPHONE.HTC.SONY
တို့ ရဲ့ပါဝါအိုင်စီတွေမပါသေးပါဘူး
ခုနောက်ပိုင်းဝင်လာတဲ့Honor 4x တွေဆိုရင်
SAMSUNG တွေမှာသုံးထားတဲ့ ပါဝါအိုင်စီ
အသေးပတ်လမ်းတွေပါဝင်လာပါတယ်
အဲဒီကောင်မပါရင်ပါဝါလုံးဝမတက်နိင်တော့ပါဘူး
ဒါကြောင့် လေ့လာမယ်ဆိုရင်တော့အများကြီးပါပဲ
ပါဝါအိုင်စီတွေအလုပ်လုပ်ပုံကို နိင်သလောက်
အသေးစိတ်လေ့လာထားနိင်ရင်အကောင်းဆုံး
ဖြစ်မှာပါ

No comments:
Post a Comment