Monday, December 7, 2015

Touch By ဆရာအောင်

ဆရာသမားများကျော်သွားပေးပါခင်ဗျာ
ဘ၀တူ ရွဲ့ စောင်းယိုင်နဲ့ အဖွဲ့ သားများအတွက်ပါ။
CY 8CTMA463 အိုင်စီလေးကိုလေ့လာကြည့်ခြင်း။
HUAWEI G610-U00,G610-C00,C8815 အစရှိတဲ့ ဖုန်းတွေမှာအသုံးပြုထားတဲ့ touch အိုင်စီ
လေးပါ။ အသုံးပြုထားတဲ့အိုင်စီတူပေမယ့် မော်ဒယ်မတူရင်ပတ်လမ်းတည်ဆောက်ပုံ၊ ဗို့ ပေးသွင်းတဲ့
ပုံစံတွေ မတူညီတော့တာတွေ့ ရပါတယ်။ အဓိကကွဲသွားတာကတော့ အသုံးပြုထားတဲ့ PMU ပေါ်လိုက်ပြီး
ကွာခြားမှုရှိပါတယ်။ HUAWEI G610-U00 တွေမှာပါဝင်တဲ့ PMU က MT 6320 ပါ။
ဒီအိုင်စီရဲ့ ပင်တွေကနေ touch အတွက်လိုအပ်တဲ့  VDD1.7V,VDD2.8V တို့ ကိုတိုက်ရိုက်ပို့ ပေးထားပါတယ်။
touch မရလို့  touch connector မှာ ဗို့ တိုင်းကြည့်တဲ့အခါ လိုအပ်နေတဲ့ဗို့ တွေမရောက်တဲ့အခါ
အခြားအပိုင်းတွေထက် ပါဝါအိုင်စီကို ပြန်ကပ်တာ၊အသစ်လဲတာတွေလုပ်ပေးရပါတယ်။
နောက်တစ်ခုက G610 + မှာပါ ။ မှားယွင်းပြီးG610 firmware ကိုမှားတင်မိရင် touch မရတဲ့ ပြစ်ချက်
ကြုံတွေ့ ရပါတယ်။
G610-C00 မှာပါဝင်တဲ့ပါဝါအိုင်စီက PM8029 ပါ။ ဒီအိုင်စီရဲ့ အထွက်ဗို့ တွေဖြစ်တဲ့ Vreg 1.7v ကိုပါဝါအိုင်စီ
ကတိုက်ရိုက်ပေးပို့ ထားပေမယ့်၊ VDD 2.8V ကိုတော့ dc to dc ရဲ့ အထွက်ပိုင်းကနေ တဆင့်ပို့ ပေးပါတယ်။
ဒါကြောင့် touch မရလို့ ဗို့ တွေစစ်ကြည့်တဲ့အခါ တစ်ခုခုပျောက်နေရင် သက်ဆိုင်ရာ အထွက်လမ်းကြောင်းတွေကိုသိထားဖို့ လိုအပ်ပါတယ်။ဒါမှလဲ အလွယ်တစ်ကူ jumper ကျော်ပေးလို့ ရမှာပါ။
C8815 မှာလဲထိုနည်းအတိုင်းပါပဲ။တစ်ခုပိုလာတာက VDD 1.7V နဲ့  TP IN လမ်းကြောင်း ကို buffer ic လေးတစ်လုံးခံပြီးပေးထားတဲ့အတွက် လမ်းကြောင်းအနဲငယ်ပိုရှုပ်ထွေးပါတယ်။
CY8 CTMA 463 ဆိုတဲ့ touch driver ic လေးရဲ့ data အချက်အလက်တွေကိုလေ့လာကြည့်တဲ့အခါ
အောက်ပါ အတိုင်းတွေ့ ရပါတယ်။
(1) CY8 =Marketing Code.
(2) C = CMOS.
(3)TMA = Family Code (Multi-Touch All-Points controller
(4) 4 =Generation ID.
ဒိအိုင်စီလေးကို Android os ရော window os မှာပါအသုံးပြုလို့ ရပါတယ်။ charging သွင်းနေတဲ့အချိန်တွေရယ်၊ဖုန်းအသုံးပြုနေစဉ်
display ကနေ ထွက်လာတဲ့ peak to peak noise တွေကိုအကောင်းဆုံးချေဖျက်ပေးနိင်တဲ့
NST (Noise Suppression Technologies ကိုအသုံးပြုထားပါတယ်။ Multi-Touch အမျိုးအစားဖြစ်ပြီး
မျက်နှာပြင် 5.9” ထိ support ပေးနိင်ပါတယ်။ IPS Screen ရော OLED Screen မှာပါအသုံးပြုလို့ ရပါတယ်။
ပေးသွင်းဗို့ အနေနဲ့  VDD 1.7V –Digitalvolt, VDD 2.8V Analog volt အဖြစ် နှစ်လှိုင်းပေးသွင်းရပါတယ်။
pin out တွေအနေနဲ့  sensor received (RX) နဲ့  driver (TX) လှိုင်းများ။I2C Interfacf.
TP-INT,TP Reset, တို့ ပါဝင်ပါတယ်။ G610-U00 နဲ့ G610-C00 တို့ ရဲ့ ဗို့ ပေးသွင်းပုံကွာခြားချက်လေးတွေကို
ပုံနဲ့ တစ်ကွလေ့လာကြည့်ပါ။ တစ်ခုတော့သတိထားရပါတယ်touch ic တွေဟာ digital အနွယ်ဝင်
CMOS တွေဖြစ်တဲ့အတွက်အပူတော့အများကြီးပေးလို့ မ၇ပါဘူး။
G730-U00 နဲ့ G730-C00 ရဲ့ ကွာခြားချက်လေးလဲဖတ်ချင်ရင်တော့တင်ပေးပါမယ်။


No comments:

Post a Comment