Monday, November 30, 2015

ဖုန်းတစ်လုံး Software မလုပ်ခင် လုပ်ဆောင့်သင့်သော အချက်များ By Ko Wai Phyoe

Last post
အစ်ကိုတို့ကိုတစ်ခုမေးမယ် နော်
Clone ဖုန်းမြန်စာထည့်ဖို့ဖြစ်ဖြစ်
Virus ဝင်လို့ firmware ပြန်ရေးဖို့ဘဲဖစ်ဖြစ် ဆိုင်ရောက်လာရင်ဘာလုပ်သလည်တခါတည်း firmware ရှာထောင်ပြီးရေးလိုက်သလား
လုပ်ထားသင်တာလေးပြောပမယ် အချိန်လေးရရင် ပညာလေးလည်းရမယ် ရယအရင်ဆုံး ကျွန်တော်မနေ့dead သွားတဲ့ xbo m3 or v5 လေးနဲ့ပြောပြပမယ်
သိထားဖို့က fix firmware လို့ရေးထားတိုင် ထိုင်ဆွဲနေရင် ဘေကုန်ဖို့သာရှိတယ် အဆင်ပြေကောင်းပြေနိုင်ပါတယ် တချို့ကတက်ာစမ်းပြီးတင်တာရှိသလိုမစမ်းဘဲsharing လုပ်တာတွေလည်းရှိတယမို့ပါ
ပထမတချက် ဆိုင်လာတယ် virus ကိုက်နေတယ် firmware ပြန်ရေးမှာရမယ် root လည်းမရဘူးဆိုရင်ပေါ့ သတ်လို့လည်းမရဘူးလေ
အဲတော့ ဘာလုပ်မလည်း backuo ထုတ်မယ်ပေါ့ ပြောမယ် virus ကိုက်နေတဲ့အလုံးဘာလို့ထုတ်နေမှာလည်းပေါ့
တကယ်လိုများအကိုတို့ရေးလိုက်တဲ့ firmware မကိုက်လိုdead သွားပါပြီတဲ့
Firmwae ပြန်ရှာမယ်မရရင် လျော်ပေး ရမယ်လေ အကောင်းတိုင်းမဖြစ်တောင် လာတဲ့အတိုင်းပြန်ပေးလိုက်နိုင်ဖို့အရေးကြီးပါတယ်
Backup ထုတ်ထားမယ်ဆိုရင် lcd ဖွေးမှာလည်းမပူရဘူး လေ
Backup ထုတ်ဖို့အတွက် နည်းတွေအများကြီးရှိပါတယ် mtkdroid tool နဲ့ sp flashtool သုံးပြီး readback တဲ့နည်းရော် no need ပေါ့
Box crack တွေသုံးပြီးထုတ်တဲ့နည်းရော်
Box နဲ့ထုတ်ပြီးရလာတဲ့ bin ဖိုင်ကို ကို sp flashtool သုံးပြီး scatter ဖိုင်လုပ်တာကော်ရှိပါတယ် ကျွန်တော်အင်ပိုစ့်အဟောင်းတွေရှာဖတ်ပေးလိုက်ပါ
အခုတော့ miracle boxသုံးပြီး full firmware backup ထုတ်ပမယ်
http://www.4shared.com/…/ajl1C-Vq…/Miracle_195__Cracked.html
Miracle crack 1.95 နဲ့တင်အလုပ်ဖြစ်ပါတယ်
Box ကိုဖွင့်ပါ mtk tab ကိုရွေးထားပါ
Read ကိုနှိပ်ပါ
Save scatter ဖိုင်လေးကိုအမှန်ခြစ်ပေးပါ
Usb mode ကိုလည်းအမှန်ခြစ်ပြီး start ကိုနှိပ်ပါ
ဖုန်းကိုbattery တတ်ကြိုးထိုးပေးလိုက်ပါ backup ထုတ်သွားပါလိမ့်မယ်
Firmware ဖိုင်တဖိုင်တော့ဆွဲလိုက်ပါ system file ကိုလိုချင်လို့ပါ
https://drive.google.com/…/0B9gWBjwXuwj5NWZWTW5DTGphc…/view…
အပေါ်ဖိုင်လေးကိုဆွဲလိုက်ပါ အဲဒီfirmware ကိုbackup ထုတ်ပြီးမှတင်ပမယ် သေချာတာကတော့ lcd ဖွေးပြီး dead ကျသွားပါလိမ့်မယ် မကျရင် reset engrup error တတ်ပလိမ့်မယ် don.t worry
Remark Mtkdroid tool ရော် sp flaht tool နဲ့ readback ထုတ်ပြီးရေးလို့ရပါတယ်










 Credit -https://www.facebook.com/phyoepapawa

Saturday, November 28, 2015

For Drawing Schematic Diagram and Block Diagram

>>>>> For Free <<<<<
Schematic diagram တွေ Block diagram တွေကို PC ကနေဆွဲချင်ပါတယ်လို့ ပြောနေကြလို့ သုံးလို့ကောင်းမယ့် EdrawMax နဲ့ EAGLE နှစ်မျိုးကို download ယူပြီးသုံးကြည့်ကြဖို့တင်ပေးလိုက်ပါတယ်။
credit - ဦး ပီး

Huawei တွေရဲ့ Solution By ဆရာဖြိုးညီ

Huawei တွေရဲ့ Solution
============================
command prompt ကနေ command ရိုက်စစ်ပါ
adb shell
getprop ro.build.date.utc
ရလာတဲ့ အဖြေဟာ မိမိတင်မယ့် Firmware ရဲ့ UTC Date နဲ့ တူရင်တူ မတူရင်
နိမ့်နေရမယ်
မဟုတ်ရင် Screen မည်းတာ ဖွေးတာ လိုင်းမတက်တာ Touch ဆွဲမရတာ LOGO ဇောက်ထိုးပေါ်တာ SIM မဖတ်တော့တာ Vibrate တစ်ချက်ပဲတုန်ပီး စက်မတက်တာ

အစရှိတဲ့ ပြသနာ တစ်ပြုံတစ်ခေါင်းကြီးတက်သွားမယ်
ဖြေရှင်းနည်းက UTC Date မြင့်တဲ့ Firmware ပြန်တင်ပါ
Build Number ကိစ္စလာမပြောနဲ့ Huawei ကို Build Number ကြည့်တင်ရင် ရူးသွားမယ်
ကလော က ညီလေးနဲ့ အောင်ပန်းက ညီလေး တွေအတွက်....

Low DropOut linear regulator

လခွမ်းပဲ Linear regulator ထဲက
Low DropOut linear regulator အကြောင်းလေးတောင် အာပေါက်မတတ်ရှင်းပြရတယ်
Power Dissipation တွေ Minimum power requirement တွေ အကြောင်းမသိရင် LDO အကြောင်းရှင်းပြရင်း မိုးလင်းသွားမယ်
1.2 V ကနေ 1.1 V ကို လျှော့ချသွားတာ
မျက်လုံးပြူးတယ်

Diode By ဆရာဖြိုးညီ

For Beginner
==========
Diode
Diode ဆိုတာ အီလက်ထရောနစ်ပံ့ပိုးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သဘောတရားအားဖြင့်ပြော ရရင်တော့ သူ့မှာ Anode ( A + ) နဲ့ Cathode ( K - ) ဆိုတဲ့ ငုတ် ၂ မျိုးပဲရှိပါတယ် ။ ငုတ်အရေအတွက်အနေနဲ့ပြောရရင်တော့ ၂ ငုတ်အမျိုးအစား Diode ကနေ ၃ ငုတ်အမျိုးအစား ၊ ၄ ငုတ်အမျိုးအစား အစရှိသဖြင့် ငုတ်အရေအတွက် အမြောက်အများပါတဲ့ Diode တွေရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ Anode ငုတ်နဲ့ Cathode ငုတ်ဆိုပီးတော့ပဲ သတ်မှတ်ပါတယ်။ Anode တို့ Cathode တို့ဆိုတာ စာသဘောတရားနဲ့ပြောရရင် Electode တွေပါ ၊ ငုတ်အမျိုးအစား ၂ မျိုးပါလို့ ( di-electrodes ) ဆိုပီးခေါ်ပါတယ် အဲ့ဒီအနေတစ်ဆင့် Diရယ် electrode က ode ရယ်ပေါင်းပီး Diode ဆိုပီး ခေါ်ဆိုခဲ့ပါတယ်။
အောက်မှာ Diode အမျိုးအစားတွေကို ဖေါ်ပြထားပါတယ် ။ Mobile Device တွေမှာတော့ အဲ့ဒီ Diode တွေအကုန်မပါဝင်တဲ့အတွက် အကုန်လုံးတော့ ရှင်းပြသွားမှာ မဟုတ်ပါဘူး
• Backward diode
• BARITT diode
• Gunn Diode
• Laser diode
• Light emitting diodes
• Photodiode
• PIN diode
• PN Junction diode
• Transient voltage supression diodes
• Schottky diodes
• Step recovery diode
• Tunnel diode
• Varactor diode or varicap diode
• Zener diode

အထက်ဖေါ်ပြပါ အများအစားတွေထဲကမှ မိုဘိုင်းဖုန်းမှာ အသုံးပြုလေ့ရှိတဲ့ Diode အမျိုးအစားတွေကိုပဲ ဦးစားပေးဖေါ်ပြသွားမှာပါ
1. PN Junction diode
2. Schottky diodes
3. Light emitting diodes
4. Zener diode
5. Transient voltage supression diodes
မှတ်ချက်။ ။ Proximity Sensor တွေဟာ Photo Diode တွေနဲ့အလုပ်လုပ်ပုံဆင်တူပေမယ့် ပုံစံတည်ဆောက်ပုံမတူညီတဲ့အတွက် Proximity Sensor တွေကို diode စာရင်းမသွင်းရပါဘူး သူ့အတွက် သီးသန့် သင်ခန်းစာမှာ ဖတ်ရှုပါ။
PN Junction Diode
ယနေ့ PN Junction diode ကို Standard Diode သို့မဟုတ် Normal Diode တစ်ခုအနေနဲ့ ခေါ်ဝေါ်သတ်မှတ် သုံးစွဲကြပါတယ် ၊

Typical Symbol of Diode
Anode က ( + ) ကို ကိုယ်စားပြုပီး Cathode က ( - ) ကို ကိုယ်စားပြုပါတယ် မျက်လုံးအမြင်နဲ့ပဲ ခွဲခြားဆုံးဖြတ်ရမယ်ဆိုရင် Cathode ( အနုတ်ငုတ် ) ဘက်မှာ ဆေးရောင်အဖြူနဲ့အရစ်လေးတစ်ရစ် ပါ ပါတယ် ( တစ်ချို့အလုံးတွေမှာတော့ အမည်းရစ် နဲ့ပါ ) ၊ သာမာန် Diode တစ်လုံးအနေနဲ့ လျှပ်စီးပတ်လမ်းကို တစ်ဘက်တည်းပဲ One-Way စီးဆင်းစေပါတယ် ၊
အပေါင်းလျှပ်စီးလိုင်းဟာ Anode ငုတ်ကနေ Cathode ငုတ်ဘက်ကို ဖြတ်သန်းစီးဆင်းနိုင်ပါတယ် ပြောင်းပြန်ပုံစံ ပေးသွင်းထားရင်တော့ လျှပ်စစ်မစီးဆင်းတော့ပါဘူး ။
အနုတ်လျှပ်စီးလိုင်းဟာ Cathode ကနေ Anode ကို ဖြတ်သန်းစီးဆင်းနိုင်ပါတယ် ။ ပြောင်းပြန်ပုံစံ ပေးသွင်းထားရင်တော့ လျှပ်စစ်မစီးဆင်းတော့ပါဘူး ။
အနှစ်ချုပ် မှတ်သားရန်
အနှုတ်လျှပ်စီးလိုင်းဟာ Anode ကို ဖြတ်ပီး Cathode ကို မစီးဆင်းနိုင်ပါဘူး အပေါင်းလျှပ်စီးလိုင်းကလည်း Cathode ကို ဖြတ်ပီး Anode ဘက်ကို မစီးဆင်းနိုင်ပါဘူး ။Diode တွေဟာ Reverse Bias ပေးသွင်းရင် အလုပ်မလုပ်ဘူးလို့ အနှစ်ချုပ်မှတ်သားထားပါ ၊
ဒီတော့ Normal Diode တွေကို ဖုန်းတွေမှာ Battery အပေါင်းအနုတ်မှားယွင်းချိတ်မိရင် ဖုန်းမပျက်စီးရလေအောင် Reverse Bias Protector အနေနဲ့ ထည့်သွင်းတည်ဆောက်လေ့ရှိပါတယ် အောက်ပါပုံကိုကြည့်ပါ

Schottky diodes
Schottky Diode Symbol
အပေါ်မှာ diode တစ်လုံးကို Forward Bias Diode { မီးသီးလင်းအောင်အာပေးသွင်းပုံ } Reverse Bias Protector diode { battery မှားလျှင် ဆားကစ်မပျက်စီးအောင် ကာကွယ်ပုံ } တွေမှာ ဖေါ်ပြခဲ့ပီးဖြစ်ပါတယ် ယခုဖေါ်ပြမှာက Rectifier Diode အကြောင်းပါ ၊ Diode တွေဟာ Positive သို့မဟုတ် Negative တစ်ခုတည်းကိုသာ ဖြတ်သန်းစီးဆင်းခွင့်ပြုထားတဲ့အတွက် AC Current ကနေ DC Current အဖြစ်ပြောင်းလဲတဲ့နေရာမှာ အထူးအသုံးဝင်လှပါတယ် ၊ အဲ့ဒီလို Rectifier ပိုင်းမှာ ထည့်သွင်းသုံးစွဲတဲ့ Diode မျိုးကို Rectifier Diode လို့ ခေါ်ဝေါ်ပါတယ် ။ အောက်ပါပုံကို ကြည့်ပါ
Rectifier Diode တွေကို ၄င်းတို့ရဲ့ ခံနိုင်ရည် ဗို့အား ၊ ဖြတ်သန်းစီးဆင်းခံနိုင်တဲ့ အင်ပီယာ ၊ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ကြိမ်နှုန်းတွေပေါ်မူတည်ပီး Diode အမျိုးအစားတွေကိုရွေးချယ်ရပါတယ် ။ မိုဘိုင်းဖုန်းတွေမှာတော့ Schottky Diode တွေကို ထည့်သွင်းအသုံးပြုထားပါတယ်
အားသာချက်များ
• Low turn on voltage: silocon diode တွေထက် turn on voltage level နိမ့်ပါတယ် ၊ 0.2 ကနေ 0.3 Volt လောက်ပေးတာနဲ့အလုပ်လုပ်နိုင်စွမ်းရှိပါတယ် ၊
• Fast recovery time: Stored Charge ပမာဏနည်းတဲ့အတွက် recovery time ပိုမြန်ပါတယ် ၊ ဒါကြောင့် Switched Mode Power Supply ( SMPS ) ပတ်လမ်းတွေမှာ အသုံးပြုကြပါတယ်
• Low junction capacitance: .contact ငုတ် ၂ ခုကို အလွန်နီးကပ်စွာ တည်ဆောက်ထား တဲ့ အတွက် junction capacitance level အလွန်နိမ့်သွားပါတယ် ၊
RF mixer နဲ့ Detector ပိုင်းတွေ ၊ Backlight Rectifier Diode တွေမှာ Schottky diode တွေကိုထည့်သွင်းသုံးစွဲလေ့ရှိပါတယ် ။
Light emitting diodes ( L.E.D )
L.E.D
LED ဆိုတာ Diode အမျိုးစားဝင်တစ်မျိုးဖြစ်ပါတယ် ၊ ဗို့အားပေးလိုက်တာနဲ့ အလင်းထုတ်ပေး နိုင်တဲ့ diode အမျိုးအစားတစ်မျိုးပါ၊ AC ရော DC ရော ဘာကျွေးကျွေး မီးလင်းပါတယ် ၊ ဖုန်းတွေမှာတော့ DC Supply နဲ့ပဲအလုပ်လုပ်ပါတယ် ၊ အသုံးပြုလေ့ရှိတဲ့နေရာတွေကတော့
1. Backlight LED Driver
2. Camera Flash
3. Buttom Light တို့ဖြစ်ပါတယ်


Mobile Phone Backlight L.E.D
Zener diode
Zener Diode တွေကို တည်ငြိမ် ဗို့အားပေးပိုင်းတည်ဆောက်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ Zener diode တွေရဲ့တန်ဖိုးကို သူတို့ရဲ့ Breakdown Voltage နဲ့သတ်မှတ်ပါတယ်။ ဥပမာ 3V ZD ,4.7 ZD , 5V ZD အစရှိသဖြင့်တန်ဖိုးသတ်မှတ်ပါတယ် ။ ဒီနေရာမှာ Breakdown Voltage ကို နားလည်လွယ်အောင် ရှင်းပြပေးဖို့လိုလာပါတယ်။
သာမန် PN Junction Diode တွေဟာ A K Cathode မှာ အပေါင်းဗို့ပေးထားလို့ Anode ဘက်ကို Current မစီးဆင်းနိုင်ပါဘူး ။ ဒါပေမယ့်လည်းသူတို့မှာ အကန့်အသတ်ရှိပါသေးတယ် သူတို့ခံနိုင်စွမ်းအားထက်ကျော်လွန်အောင်ပေးသွင်းလိုက်ရင်တော့ကျိုးပျက်မှတ် Breakdown Point ကိုရောက်ရှိသွားရင် လျှပ်စစ်စတင်စီးဆင်းပါတယ် ၊ ဒါကို Breakdown Voltage လို့ခေါ်ပါတယ်။ ဥပမာ 3 V Zener Diode တစ်လုံး ပြောင်းပြန်ဘက်လိုက်ဗို့အားပေးထားတယ် ( Cathode မှာ အပေါင်းရှိ နေပီး Anode မှာ အနုတ်ဗို့အားရှိနေချိန် ) ဆိုပါစို့ ၊ Cathode မှာ ပေးသွင်းထက် ဗို့အားက 3V နဲ့အောက်မှာ ရှိနေချိန် ဘာမှ မဖြစ်ပေမယ့် 3V ထက်ကျော်လွန်လာရင်တော့ Cathode ကနေ Anode ကို လျှပ်စစ်စတင်စီးဆင်းပါတော့တယ် အဲ့ဒီနည်းနဲ့ပဲသူက Cathode ငုတ်နဲ့ ပတ်လမ်းအတူတူ ရှိနေတဲ့ အပိုင်းတွေကို Volt အားတည်ငြိမ်အောင်ထိန်းပေးထားပါတော့တယ် အောက်မှာပြထားတဲ့ နမူနာပုံကိုကြည့်ပါ ။

Zener Diode ရဲ့ Cathode ငုတ်ကိုသက်ရောက်နေတဲ့ ဗို့အားသာ 3V ထက်ကျော်လွန်လာရင် ZD ရဲ့ Anode ငုတ်ဘက်ကို လျှပ်စစ်စတင်စီးပါမယ် ၊ ဒီနည်းအားဖြင့် ZD ရဲ့ Cathode ငုတ်မှာ တည်ငြိမ်ဗို့အား (Regulated Voltage ) 3 V ကိုရှိနေပါတော့တယ်
ပုံတွေကတော့ Website မှာပဲကြည့်တော့ဗျာ
နောက်နေ့မှ TVS Diode ဆက်မယ်

Way To Become A Professional Hardware By Sr Phyo Nyi

Mobile Phone Hardware Service သမားကောင်းတစ်ဦးဖြစ်လာစေရန်
ဦးစွာပထမ နည်းပညာနဲ့ပတ်သက်လို့ ကျနော့်ရဲ့လက်ဦးဆရာ ဆုံးမခဲ့တဲ့စကားလေး အရင်ဆုံးပြောချင်ပါတယ်
စာတွေ့မပါသော လက်တွေ့ဟာ အကန်းနဲ့တူပါတယ်တဲ့
လက်တွေ့မပါသော စာတွေ့ကတော့ အကျိုးနဲ့ တူပါတယ်တဲ့
ကျနော်ကိုယ်တိုင်လည်းလေ့လာသင်ယူနေဆဲ ပညာသင်တစ်ဦးမလို့ မှားယွင်းတာတွေရှိနိုင်ပါတယ်။
စာတွေ့ပိုင်း ( Theorey ပိုင်း ) နဲ့ပတ်သက်လို့ ဘယ်ကစ… ဘာလုပ်ရမှန်းမသိတဲ့ ကျနော်လိုလူတွေအတွက် ကျနော် လျှောက်ခဲ့တဲ့လမ်းလေးပြချင်ပါတယ်
Electronic component လေးတွေကို ကောင်းမကောင်းတိုင်းတာတယ်ဆိုတာ သူတို့ရဲ့သဘောသဘာဝ ၊ သူတို့ရဲ့ဂုဏ်သတ္တိကို သိရှိလေ့လာပီးမှ တိုင်းတာထွာတာ ဆက်လေ့လာရင် အလွယ်တကူခရီးပေါက်နိုင်တာတွေ့ရပါလိမ့်မယ် ။ component တွေ လေ့လာပီးမှ Meter တိုင်းတာနည်းကို ဆက်လက်လေ့လာစေချင်ပါတယ် ။
Meter တိုင်းတာနည်းမှာလည်း ၂ မျိုးရှိပါတယ်
1. component လေးများကောင်းမကောင်း မီတာအသုံးပြုပီးအလွတ်သဘောတိုင်းတာနည်း
2. Board ကို Power Supply ချိတ်ဆက်ပီး သက်ရောက် ဗို့များ မှန်ကန်မှု ရှိ၊မရှိ တိုင်းတာနည်း တို့ဖြစ်ပါတယ်
မှတ်ချက်။ ။ Mobile Phone Hardware Service မှာ Ampere စားသုံးမှုကို ကြည့်ပီး ပြစ်ချက်ဘယ်ကဖြစ်မယ်ဆိုတာ ခန့်မှန်းဆုံးဖြတ်တဲ့ ပညာရပ်တစ်ခုလည်းရှိနေပါသေးတယ်။ မိမိကိုပြောပြပေးနိုင်တဲ့ဆရာသမားကောင်းရှိရင်ရှိ မရှိရင်တော့ လုပ်သက်အတွေ့အကြုံရလာတာနဲ့သူအလိုလိုသိလာမယ့် ပညာရပ်ဖြစ်ပါတယ် ၊ ဒါပေမယ့် အောက်မှာဖေါ်ပြထားတဲ့နည်းလမ်းတွေအတိုင်းဆက်လက်လေ့လာသွားရင်တော့ အချိန်တိုအတွင်းမှာ သိလာနိုင်ပါလိမ့်မယ်

အခြေခံတိုင်းသဘောတရားတွေအရင်လေ့လာ ၊ နောက်တစ်ဆင့် Meter တိုင်းတာနည်းလေ့လာ ၊ နောက်တစ်ဆင့် Diagram ဖတ်နည်းလေ့လာ ၊ နောက်ဆုံးအဆင့်မှ မိုဘိုင်းဖုန်းတစ်လုံးရဲ့ ဆင့်ကဲဆင့်ကဲဖြစ်စဉ်တွေ Hardware နဲ့ Software ချိတ်ဆက်ပုံတွေ ကိုလေ့လာသင့်ပါတယ် ။ ဒီအဆင့်ရောက်ရင်တော့ စာတွေ့ပိုင်း အတော်လေး အားကောင်းသွားပီလို့
ပြောလို့ရပါတယ်
ဆက်ရန်....

Mobile Phone Power ပေးပိုင်းနှင့် Buck Coil အရေးပါပုံ By ဆရာဖြိုးညီ

Mobile Phone Power ပေးပိုင်းနှင့် Buck Coil အရေးပါပုံ
ဖုန်းပါဝါပိုင်းမှာ Battery ကနေ ဆားကစ်တစ်ပြားလုံးနေရာအနှံ့ DC Supply ဖြန့်ဝေဖို့အတွက် အသုံးပြုထားတဲ့စနစ် ၂ မျိုးရှိပါတယ် ။ PWM သုံး SMPS စနစ်နဲ့ Linear Low Dropout စနစ်တို့ဖြစ်ပါတယ် ။ PWM စနစ်က စွမ်းရည်ပိုကောင်းမွန်ပေမယ့်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချဖို့အတွက် LDO စနစ်ကိုလည်းထည့်သွင်းအသုံးပြုရခြင်းဖြစ်ပါတယ်။ PWM စနစ်ကိုတော့ CPU , eMMC နဲ့ Logic Controller ပိုင်းတွေမှာ အသုံးပြုလေ့ရှိတာတွေ့ရမှာ ( ဒီထက်လည်းပိုမိုတာ ရှိနိုင်ပါတယ် တရားသေ မမှတ်စေလိုပါ )။ Power Output တစ်ခုဟာ SMPS နဲ့မောင်းထားတာလား Linear စနစ်နဲ့မောင်းထားတာလားဆိုတာ အမြင်နဲ့အကြမ်းဖျဉ်းဆုံးဖြတ်လို့ရပါတယ်။ PWM စနစ်နဲ့မောင်းထားတဲ့ Volt Output တွေမှာ Loading ပိုင်းတွေကတောင်းဆိုတဲ့ Current ကို အလျှဉ်မပြတ် အမျှင်မပြတ်ဆက်တိုက်ထုတ်ပေးနိုင်ဖို့ Flywheel ပတ်လမ်းတွေထည့်သွင်း တည်ဆောက်ထား တာတွေ့ရမှာပါ။ အများစုခေါ်ဆိုကြတဲ့ ချုပ်ကွိုင် သို့မဟုတ် Buck Coil ပါ/မပါကြည့်ပီး PWM စနစ်လား LDO စနစ်လားခွဲခြားလို့ရပါတယ် ။ ဒီနေရာမှာ Switching Mode Supply အကြောင်းနည်းနည်းပြောဖို့လိုလာပါပီ ။ အဝင် DC ကို ခလုပ်နဲ့အဖွင့်အပိတ်ပုံစံမျိုးထိန်းချုပ်ပီး အထွက်မှာ မိမိလိုအပ်တဲ့ ဗို့ထွက်ရှိလာအောင် မောင်းနှင်တဲ့စနစ်ကို SMPS လို့ခေါ်ပါတယ် ။ SMPS စနစ်ရဲ့ အားနည်းချက်တစ်ခုမက ရှိပါတယ် ။အဲ့ဒီထဲက ကျနော်တို့နဲ့လတ်တလော သက်ဆိုင်တဲ့ကိစ္စကိုပြောပါမယ် ။ CPU တွေ eMMC တွေဟာ လုံးဝ တစ်သတ်မတ်တည်းဖြစ်နေတဲ့ Voltage နဲ့ Current ရရှိမှ အလုပ်လုပ်ရတာတည်ငြိမ်ပါတယ်။ SMPS ပတ်လမ်းတွေက ထုတ်ပေးတဲ့ Current က Switching Transistor ရဲ့ OFF အခြေအနေမှာ ရုတ်တရက်ထိုးကျသွားပါတယ် ။ အဲ့ဒီအခြေအနေကိုထိန်းချုပ်ဖို့ Output မှာ Filter Condenser ခပ်ကြီးကြီး ထည့်သွင်း ပေးဖို့ လိုလာပါတယ် ။ ဒါတောင် မသေချာပါဘူး ။ မိုဘိုင်းဖုန်းတွေကို သေးနိုင်သမျှသေး ကျစ်နိုင်သမျှ ကျစ်လစ်အောင် တည်ဆောက်ဖို့ ကြိုးစားလာချိန်မှာ Condenser အလုံးကြီးကြီးထည့်ဖို့မဖြစ်နိုင်ပါဘူး ။ နောက်ပီး စနစ်ကိုလည်း အဲ့ပုံစံနဲ့ထိန်းချုပ်လို့မတည်ငြိမ်ပါဘူး ။ ဒီတော့ PM IC ထုတ်လုပ်တဲ့ Company တွေအနေနဲ့ Switching Transistor ရဲ့ OFF အခြေအနေမှာ CPU , eMMC တွေကို Current လုံလုံလောက်လောက် ပံ့ပိုးနိုင်ဖို့ SMPS အထွက်မှာ Buck Coil ပါဝင်ပတ်သက်တဲ့ Flywheel ပတ်လမ်းထည့်သွင်းလိုက်တဲ့နည်းနဲ့ဖြေရှင်းထားပါတယ် ။ Flywheel ပတ်လမ်းမှာ Diode တစ်လုံး Inductance Coil တစ်ခု နဲ့ Filter Condenser တစ်လုံးပဲ ပါဝင်ပါတယ် ။ အောက်ပါပုံကိုကြည့်ပါ ။
PMIC ရဲ့ ON အခြေအနေမှာ အိုင်စီက CPU , eMMC တို့ လိုအပ်တဲ့ Current ကို ထုတ်ပေးပါတယ် ။ တစ်ချိန်တည်းမှာပဲ Main Filter Condenser ကို အားသွင်းခြင်းလည်းပြုလုပ်ပါတယ်။ နောက်ထပ်တစ်ပြိုင်နက်တည်းမှာ Current က Series ဆက်ထားတဲ့ Buck Coil ကို ဖြတ်စီးတဲ့အတွက် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပါတယ်။ အောက်ပါပုံကိုကြည့်ပါ။
PMIC ရဲ့ OFF အခြေအနေမှာတော့ PMIC ရဲ့အထွက်မှာ 0 V ဖြစ်သွားပါတယ်။ အဲ့ဒီအခြေအနေမှာ PMIC နဲ့ Load ကြားထဲမှာ series ခံထားတဲ့ Buck Coil က Bak EMF ထွက်ရှိလာပီး Load ကို သူတို့ လိုအပ်တဲ့ Current ကိုဆက်လက်ပေးသွင်းခြင်းဖြင့် ပတ်လမ်းကို ဟန်မပျက်ဆက်လက်လည်ပတ်စေ ပါတယ် ။ Diode ကတော့ Back EMF ကြောင့် Switching Transistor ပျက်စီးခြင်း မဖြစ်ရ လေအောင် ကာကွယ်ထားတာပါ ။ ဒီိလိုပုံစံပတ်လမ်းတွေကို PMIC အထွက်လမ်းကြောင်း နဲ့ BackLight Driver အုပ်စုအချို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒီတော့ အဲ့ဒီ ပါဝါအိုင်စီရဲ့အထွက်က Coil လေးတွေရဲ့အရေးပါပုံကို အနည်းငယ်မျှသိရှိပီလို့ ယူဆပါတယ် ။ Power IC အထွက်မှာ short ကျ / မကျ စစ်ဆေးပီးချိန်မှာ အဲ့ဒီကွိုင်လေးတွေကို သေချာစနစ်တကျ သူ့နေရာနဲ့သူ ပြန်တပ်ပေးဖို့ အထူးအရေးကြီးလှပါတယ် ။ လက်စွမ်းပြပီး ဟာကွာ ကွိုင်လေးခံထားတာပဲ ဂျမ်ပါ လုပ်လိုက်လည်းရပါတယ်ဆိုတဲ့ အတွေးတစ်ခု ခေါင်းထဲက ထုတ်ပစ်လိုက်နိုင်ရင် ဒီစာလေး ရေးရကျိုးနပ်ပါတယ်လို့ ဆန္ဒပြုရင်း

Diagram By ဆရာဖြိုးညီ




G610-U00 Touch Error Solution By ဆရာဖြိုးညီ

G610-U00 Touch Error Solution
1. Touch Connector စစ်ဆေးပါ ၊ မကောင်းလျှင် ကောင်းတာနဲ့အစားထိုးပါ
2. Touch အကောင်းတစ်ချပ်ဖြင့် စမ်းကြည့်ပါ ၊ ရလျှင် အသစ်လဲပါ ။
3. 1.8 V နှင့် 2.8 V ရောက်မရောက်စစ်ဆေးပါ တိုင်းရမည့်နေရာကို ပုံတွင်ပြထားသည်။ ဗို့မရောက်လျှင် PMIC ပြန်ထိုင်ကြည့်ပါ ။ မရသေးလျှင် PMIC အသစ်လဲကြည့်ပါ ။
4. ဗို့ထွက်နေပါလျက် Touch မရလျှင် …..ပံ့ပိုးပစ္စည်းလေးများစုံမစုံ စစ်ဆေးပါ ။ မစုံလျှင် အခြားဘုတ်မှ ရှာထည့်ပါ။ ယိုစိမ့်မှုရှိမရှိစစ်ဆေးပါ ရှိလျှင်လဲပါ။ ပုံတွင်ကြည့်ပါ။
5. I2C အတွက် သုံးထားတဲ့ R နှစ်လုံးစစ်ဆေးပါ ။ ပုံတွင်ကြည့်ပါ။
6. 19.2MHz Xtal လဲကြည့်ပါ။
7. နောက်ဆုံးအဆင့် CPU နှင့် Touch IC ဆက်သွယ်ချက်လမ်းကြောင်းများ နှင့် CPU သာ ကျနှ်ရှိပါတော့တယ် TINT , CLK , DATA , RST ၄ ကြောင်းလုံး connection မိ မမိ x1 ဆွဲပါ။ မမိလျှင် ကြိုးဆက်ပေးပါ။
8. အထက်ပါ အခြေအနေများ အားလုံးမှန်ကန်ပါလျက် Touch မရသေးလျှင် CPU လဲပါ။
မှတ်ချက် ။ ။ Software ပိုင်းကြောင့်မဟုတ်လျှင် PMIC ( VGP4 , VGP5 ) မှ ဗို့ထွက်မထွက် CPU က ထိန်းချုပ်တဲ့လမ်းကြောင်းများ စစ်ဆေးရန်မလိုပါ။

Mobile Phone Charging ပိုင်းရဲ့ အဓိက ဇာတ်ကောင်များ By ဆရာဖြိုးညီ

Mobile Phone Charging ပိုင်းရဲ့ အဓိက ဇာတ်ကောင်များ
G610-U00
Charging ပိုင်းရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့
718 နဲ့ R200 ကို ဘာလို့ Jumper ကြိုးမကျော်သင့်တာလဲ ?.......
=============================

G610-U00 က MT6320 Power Management IC ကိုအသုံးပြုပါတယ်။
MT6320 PMIC အနေနဲ့ Charging လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အဓိက ပါဝင်ပတ်သက်တဲ့ငုတ် အားလုံးပေါင်း ၅ ငုတ်ရှိပါတယ်။ သာမည အနေနဲ့ နောက်ထပ်ပါဝင်ပတ်သက်တဲ့ အပိုင်းတွေရှိပါသေးတယ် ။ နောက်သင်ခန်းစာတွေမှာ ဆက်ဖတ်ပေးပါ ။
VBAT
VCDT
CHR_LDO
VDRV
ISENSE တို့ဖြစ်ပါတယ်
VBAT
Battery ကနေ PMIC ကို တိုက်ရိုက်ပေးသွင်းထားတဲ့ Volt လမ်းကြောင်းဖြစ်ပါတယ်
VCDT
USB ငုတ် နံပါတ် ၁ ကနေ VBUS လမ်းကြောင်းအတိုင်း Charging Volt ဝင်ရောက်လာခြင်း ရှိမရှိကိုစောင့်ကြည့်စစ်ဆေးပေးနေတဲ့ငုတ်ဖြစ်ပါတယ်။ ဝင်ရောက်လာတဲ့ ဗို့အားကို Voltage Divider နည်းလမ်းသုံးပီး Resistor တစ်လုံးကနေစောင့်ကြည့်ပေးနေတာပါ။
CHR_LDO
Charging ပိုင်းအတွက် 2.8 V သီးသန့်ထိန်းပီးထုတ်ပေးထားတဲ့ငုတ်တစ်ငုတ်ဖြစ်ပါတယ်။
VDRV
Battery ကို အားသွင်းပေးမယ့် Charging Current ကို ဒီငုတ်ကနေ ထိန်းညှိပေးပါတယ်။
ISENSE
Battery ကိုသွင်းနေတဲ့ Charging Current ကို ဒီငုတ်ကစောင့်ကြည့်ပေးနေပါတယ်။ R200 အပေါ်မှာ သက်ရောက်နေတဲ့ ဗို့အားကို တိုင်းတာစောင့်ကြည့်ခြင်းဖြင့် Current Limiter ပတ်လမ်းတစ်ခုကို ပုံဖော်ထားတာဖြစ်ပါတယ်။
PMIC အနေနဲ့ Charging State ကို ၃ မျိုးပိုင်းခြားပီး စောင့်ကြည့် လုပ်ဆောင်ပေးပါတယ်။
1. Trickle Charging [ TC ]
2. Constant Current [ CC ]
3. Constant Voltage Charging [ CV ] တို့ဖြစ်ကြပါတယ်။
Trickle Charging ( 2.2 V to 3.3 V )
အကယ်၍ Over-Discharge (Battery အားအရမ်းနည်းသွားခဲ့ရင်) ဥပမာ Battery Voltage က 2.2V အောက်လျော့နည်းသွားခဲ့ရင် System က 2mA ပမာဏရှိတဲ့ အလွန်နည်းပါးသော လျှပ်စစ်ပမာဏ စီးဆင်းစေခြင်းဖြင့်လုပ်ငန်းစဉ်ကို စတင်လိုက်ပါတယ် ။ 2 mA နဲ့ ဖြည်းဖြည်းချင်း အားသွင်းလာလို့ Battery Level က 2.2 V ရဲ့ အထက်ကို ပြန်လည်ရောက်ရှိလာခဲ့ရင်တော့ System က လျှပ်စစ်စီးဆင်းမှု နှုန်းထား (အခြေအနေကို) ကို 70 mA အထိ တိုးမြှင့်ပေးလိုက်ပါတယ် အဲ့ဒီ အခြေအနေကိုတော့ USB Mode လို့ခေါ်ပါတယ် ။ ဒီလိုနဲ့ Battery Level ကို 3.3 V ရောက်တဲ့အထိ သွင်းပါတယ်။ ဒီအခြေအနေထိ ကို Trickle Charging State လို့ခေါ်ဆိုပါတယ်။
Constant Current Charging ( 3.3 V to 4.1 V Charging Current = 200mA )
Battery Voltage တစ်ဖြည်းဖြည်းမြင့်တက်လာရင်းနဲ့ 3.3 V ရောက်ရှိသွားချိန်မှာတော့ Charging Current ကို 200 mA အထိပုံသေပေးသွင်းလိုက်မှာ ဖြစ်ပီး အဲ့ဒီ အခြေအနေကိုတော့ CC Mode လို့ သတ်မှတ်ပါတယ်။ Battery Level 4.1 V ရောက်တဲ့အချိန်ထိ ဒီ State မှာရှိနေပါမယ်။
ဆက်ရန်....

Honor 4X By ဆရာဖြိုးညီ

Honor 4x
Tx
Main Antenna
LTE မပါသေး

C8816 PMU BY ဆရာဖြိုးညီ

C8813 Power Sequence အသေးစိတ် နဲ့ ပြစ်ချက်ရှာဖွေပုံကိုတော့ ဂရုမှာ တင်ထားပေးပီးပါပီ ။ ဒါကတော့ C8816 ရဲ့ တစ်ပိုင်းတစ်စ ပါ
ဖေ့ဘုတ်မှာတင်တာဆိုတော့ ပုံတွေနဲ့တွဲတဲ့ရှင်းလင်းချက်တော့ ပါမလာတော့ပါဘူး ။ အားလုံးခြုံငုံမိအောင် ရှင်းပြရတာမလို့ အရမ်းအသေးစိတ်အောင်တော့ ရေးလို့ မရပါဘူး
--------------------------
Huawei C8816 Series တွေမှာ Power Management အနေနဲ့ PM8110 သုံးထားတဲ့ အတွက် PM8029 နှင့် power ပိုင်းကွာခြားချက်တွေ ရှိလာပါတယ်။ သိသိသာသာပြောင်းလဲသွားတာက Charging Management ပိုင်းကိုပါ လုပ်ဆောင်နိုင်စွမ်းရှိလာပါတယ်။ အရင်ဆုံး battery ရဲ့ အပေါင်းငုတ်မှာ 4.0 V ရရှိအောင် ချိန်ညှိထားလိုက်ပါ။ အဲဒီ လမ်းကြောင်းလေးကို VBAT လမ်းကြောင်းလို့ခေါ်ပါတယ်။ အဲဒီ VBAT လမ်းကြောင်းဟာ Power IC ရဲ့ ငုတ်နံပါတ် 80 ကို Battery ရှိမရှိ အာရုံခံတဲ့ Standy By အနေနဲ့ အသုံးပြုထားပါတယ်။ ဒါ့အပြင် 87,95,96 ငုတ်တွေကို လည်း VPH_PWR အတွက် Supply Volt အဖြစ် အသုံးပြုနိုင်မယ့် VBAT1 , VBAT2 , VBAT3 တို့အနေနဲ့ တိုက်ရိုက်ပေးသွင်း ထားပါတယ်။ PMIC ရဲ့ PIN NO.80 ကနေ Standby Volt ရရှိနေပြီဆိုတာနဲ့ PMIC ရဲ့ PIN 101 ကနေ Resistor R2403 ကိုဖြတ်ပြီး 0.8 V ပမာဏလောက်ရှိတဲ့ Power ON ဗို့ ထုတ်ပေးပါတယ်။ User က Power KEY ကိုဖိထားလိုက်တာနဲ့ PMIC ရဲ့ PIN 101 ဟာ 0 V နီးပါးဖြစ်သွားတဲ့အတွက် PMIC က သူ့ကို ပါဝါနှိုးတယ်လို့သိသွားပါတယ်။ ပါဝါ စနှိုးပီဆိုတာနဲ့ ကျနော့်တို့လိုအပ်တာက VPH_PWR ဗို့အားဖြစ်ပါတယ်။ PM8110 IC မှာတော့ VPH_PWR လမ်းကြောင်းထုတ်ပေးနိုင်တဲ့ FET ကို IC ထဲမှာ တပါတည်း ထည့်သွင်းထားတာဖြစ်တဲ့အတွက် အဲဒီလို power ဖွင့်လိုက်တဲ့အချိန်မှာပဲ PMIC ရဲ့ pin 103,104,112 တို့ကနေ VPH_PWR1 , VPH_PWR2 , VPH_PWR3 တို့ကို စုပေါင်းပီး VPH_PWR လမ်းကြောင်းအဖြစ် တိုက်ရိုက် ထုတ်ပေးပါတယ်။ ဒီနေရာမှာ တစ်ခု မှတ်သားစရာရှိတာက PMIC ရဲ့ PIN 99 နဲ့ 115 ဟာ Charging လမ်းကြောင်းအထွက် အတွက် ထည့်သွင်း အသုံးပြုထားတာဖြစ်တဲ့အတွက် VPH_PWR လမ်းကြောင်းနဲ့ မမှားစေချင်ပါဘူး ။
အဲဒီ VPH-PWR လမ်းကြောင်းကိုပဲ PMIC ရဲ့
PIN 31 ကို VREG_S1 အတွက် Supply Volt အဖြစ်၎င်း
PIN 65 ကို VREG_S2 အတွက် Supply Volt အဖြစ်၎င်း
PIN 66 ကို VREG_S3 အတွက် Supply Volt အဖြစ်၎င်း
PIN 52 ကို VREG_S4 အတွက် Supply Volt အဖြစ်၎င်း
အသီးသီး ပေးသွင်းထားပါတယ်။ အထက်ဖေါ်ပြပါအချက်တွေဟာ PM8110 တစ်လုံးတည်းက VPH_PWR လမ်းကြောင်းကို သုံးစွဲထားတဲ့ အခြေအနေတွေဖြစ်ပြီး VPH_PWR ကို အခြားသုံးစွဲထားတဲ့ နေရာ အများအပြားရှိနေပါသေးတယ်။
ဆက်ရန်...