Thursday, January 28, 2016

S3,S4 & Note 2(not registered on Network & Wrong IMEI after flash firmware)

S3,S4 & Note 2(not registered on Network & Wrong IMEI after flash firmware)
fix & solution for S3,S4 & Note 2
Samsung galaxy S3 GT-I9300
Samsung galaxy Note 2 GT-N7100
Samsung galaxy S4 GT-I9500
Samsung galaxy S4 GT-I9505
Download MODEM.tar.md5 file then unzip it
Download Odin3 then unzip it
1.Run Odin 3 ,click PDA buttom and select Modem.tar.md5 file that you extracted
2.Shutdown your device
3.Enter Downloading Mode ( pressing and holding Volume Down + Home + Power) buttons
then Press Volume up to continue
4.Connect the device to your computer and wait until you get a sign in Odin (ID:COM section) and "Added" in message box.
5.Then Click Start buttons and a few seconds later until you see "PASS!".
I hope it's work for you,
Thz From A STAR 9 Mobile & Computer Sales & Services.....
email - arshitastar9@gmail.com
phone number - 09797411500
Address - 30road,89*90 between
Download links..................






Wednesday, January 27, 2016

MPPG ကို Credit ပေးပါတယ်။ Android Phoneတစ်လုံးကို read/write ရအောင် mount ပြုလုပ်ခြင်း

Android Phoneတစ်လုံးကို read/write ရအောင် mount ပြုလုပ်ခြင်း
ကျနော်တို့ Android phone တွေကို root ပြုလုပ်တယ်ဆိုတာ ကျနော်တို့လိုချင်တဲ့ အပိုင်းကို read/write လုပ်လို့ ရချင်လို့ ဖြစ်ပါတယ် ။
Superuser လိုချင်လို့ su binary ထည့်ချင်လို့ဆိုတာတွေထက် ပိုပီးလေးနက်ပါတယ်။
ဆိုလိုတာက root ပြုလုပ်ပြီးSuperuser access ရနေတာတောင် partitions တွေကို read/write permission မရသေးဘူးဆိုရင် ကျနော်တို့ root ပြုလုပ်ရတဲ့ အကျိုးကိုမခံစားရသေးပါဘူး။
အရင်ဆုံးဖုန်းထဲမှာ rootexplorer.apk သွင်းပီးလေ.လာကြည့်ကြရအောင် လိုအပ်သူများအောက်မှာဒေါင်းပါ
RootExplorer APK Download
ဖုန်းထဲမှာသွင်းပီးပီဆိုရင် RE apk ထဲဝင်လိုက်ပါ။
အပေါ်နားလေးမှာ Mounted as r/o ဆိုတဲ့ စားသားလေးကို တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက read only system နဲ့ mounted ဖြစ်နေတယ်လို့ ပြောတာပါ။
>>> ဒီအခြေအနေမှာ ကျနော်တို့ Android OS တစ်ခုလုံးကို ဘာမှ ထိ လို့ မရပါဘူး။
ဘေးမှာပါတဲ့ Mount R/W ဆိုတဲ့ဟာလေး နှိပ်ပေးလိုက်ပါ။ တကယ်လို့ rooted device ဆိုရင် Superuser တက်လာပီး root access တောင်းပါလိမ့်မယ်။ နှိပ်လဲဘာမှ မတောင်းဘူးဆိုရင် ဖုန်းကို အရင် Root လုပ်ပေးဖို့လိုပါလိမ့်မယ်။
Root Access ပေးလိုက်တာနဲ့ Mounted r/w ဆိုပီး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ကျနော်တို့က root Directtory ကို rw ရအောင် mount လုပ်လိုက်နိုင်ပီ ဖြစ်ပါတယ။
အိုကေ နောက်တစ်ဆင့် ….
ကျနော်တို. System ဖိုဒါထဲ ၀င်လိုက်ပါ Mounted ကို rw ဖြစ်အောင် ထပ်ပြောင်းပါ။ ရရင် ကျနော်တို့ system partition ကို ကလိလို့ ရပါပြီ။
ဒါဟာ သာမန်ဖုန်းတွေ အနေနဲ့ ပြောပြတာပါ။
ခု ကျနော်ပြောချင်တဲ့ အပိုင်း လာပါတော့မယ်။
ဖုန်းထုတ်လုပ်သူတွေဟာ google က ပေးတဲ့ Security အပြင် သူတို့ ကိုယ်ပိုင် Security တွေနဲ့ပါ သူတို့ဖုန်းတွေကို ကာကွယ်ထားတတ်ပါတယ်
Samsung SE Linux enforcing
Huawei set_immutable
Sony ric kernel security တို့ဟာ နာမည်ကြီးကြပါတယ်။
ခု ကျနော်တို့ Huawei ရဲ့ set_immutable ကို လေ့လာကြည့်ကြရအောင်ပါ။
အရင်ဆုံး Huawei က root ဖေါက်ပီး ဘယ်လိုကလိကလိ မပျက်ရလေအောင် set_immutable ဆိုတဲ့ binary ကို သုံးလိုက်ပါတယ်
သူ့ binary ကို မပျက်စီးရလေအောင်
/system/bin/set_immutable အနေနဲ့ မထားပဲ
/sbin/set_immutable အနေနဲ့ boot partition ထဲမှာ သွားထည့်ထားပါတယ်။ RE apk ကနေ sbin ဖိုဒါထဲသွားကြည့်ရင်
အပေါ်ကပုံလို မြင်ရပါမယ်။ အဲ့ဒီset_immutableကို enable { 1 }
လုပ်ထားရင် /system အောက်ကset_immutable.listထဲမှာ register လုပ်ထားတဲ့ ဖိုင်တွေကို read write မရအောင် ပိတ်ထားပေးပါတယ် ၊ set_immutable.listထဲမှာတော့
အပေါ်ကဖိုင်တွေ ပါပါတယ်၊။ အဲ့တော့
/system/bin အောက်ကဟာတွေ
/system/build.propဖိုင် /system/etcအောက်ကဖိုင်တွေ
/system/fontsအောက်ကဖိုင်တွေ ပြင်လို့ မရတော့ပါဘူး
နမူနာအနေနဲ့ ပြောပြတာပါ အဲ့ဒီ List ထဲမှာပါသမျှ ဘာမှ ပြင်လို့ မရပါဘူးပထမအရင်ဆုံးဖုန်းကို root လုပ်ပါ
Command line ကနေ ပြင်ပါမယ်
suခေါ်လိုက်လို့ # ပေါ်လာပီဆိုရင် အောက်က command တွေ တစ်ကြောင်းရိုက် Enter တစ်ခါခေါက်ပီးset_immutableကိုဖြုတ်လိုက်ရပါမယ် ဒါမှသာ system partition ကို fully read write လုပ်လို့ရမှာပါ
အရင်ဦးဆုံးbusyboxကို /data/local/tmpအောက်ကိုပို့ပါမယ်
Busyboxမရှိသေးသးများဒီနေရာမှာဒေါင်းယူပါ
adb push busybox /data/local/tmp/busybox
shellယူပါမယ်
adb shell
suကိုခေါ်ပါမယ်
su
နောက်တစ်ဆင့် /data/local/tmpအောက်ကbusyboxကိုအလုပ်လုပ်လို့ ရအောင် permission အပြည့် ပေးပါမယ်
chmod 777 /data/local/tmp/busybox
နောက်တစ်ဆင့် set_immutableကို kill လုပ်ပါမယ်
set_immutable 0
system Directory အောက်ကိုသွားပါမယ်
cd system
busyboxရဲ့ chattrကိုသုံးပီး system အောက်မှာရှိသမျှဖိုင်တွေကိုအရင် ဖြည်ပါမယ်
/data/local/tmp/busyboxchattr -R -i *
/system အောက်ကset_immutable.listကိုသီးသန့် ဖြည်ပါမယ်
/data/local/tmp/busyboxchattr -i set_immutable.list
ခုဆိုရင် အဲ့ဒီset_immutable.listကိုဖျက်လို့ရမယ့် permission ကျနော်တို့ ပိုင်သွားပါပီrmကိုသုံးပီးအပီးတိုင် ဖျက်ပါမယ်
rmset_immutable.list
တစ်ကယ်လို့ ကျနော်တို့ အပေါ်ကrmအလုပ်မလုပ်ဘူးset_immutable.listမဖျက်ဘူးဆိုရင် /system ကို r/w ရအောင် mount လုပ်ယူရပါမယ်
/data/local/tmp/busybox mount -o remount,rw -t auto /system
ဒါဆိုရင် ကျနော်တို့ set_immutable binary ကိုအပီးတိုင် ဖျက်ချနိုင်ခြင်းမရှိပေမယ့် အဲ့ဒီ binary အလုပ်မလုပ်တော့ပါဘူး system ဖြစ်စေ root directory ဖြစ်စေ read write ရသွားပါပီ
သင်ခန်းစာရဲ့ အနှစ်ချုပ် အနေနဲ့ root လုပ်ထားရုံနဲ့ system read write မရပါဘူး R/W မရအောင်သီးသန့် ပိတ်ထားတာတွေ ရှိရင် သီးသန့်နည်းတွေသုံးပီးထပ်လိုက်ရပါတယ်
တစ်ဆင့်ကူးယူဖေါ်ပြခြင်းမပြုပါရန် တောင်းပန် အပ်ပါသည်။
ဖြိုးညီညီ
MPPG { Mobile Phones Professional Group }
Serive and Training Center

Monday, January 25, 2016

G6-C00 By ဦးမောင်နိုင်

ဒီကစမယ်

G610_C00 စက်နိုးခြင်း By ဆရာဦးမောင်နိုင်

G610_C00 စက်နိုးခြင်း။
ပုံ(၁)Standby Volt လေးတွေပါ။ပါဝါခလုတ်နှိပ်လိုက်ရင် 3.2V မှ 3.7V ပြောင်းသွားတဲ့
C လေးတွေပါ။
ပုံ(၂)ပါဝါခလုတ်မှာရှိတဲ့ စက်နိုး Signal လေး 0.8V ကို Ground ငုတ်လေးနဲ့ပူးလိုက်ရင်
စက်နိုးရန်လိုအပ်တဲ့ ဗို့လေးတွေ ပါဝါအိုင်စီက နေရာအသီးသီးကို ဗို့ထုတ်ပေးပုံလေးပါ။
ဒီဗို့လေးတွေ စုံအောင်စစ်ရပါမယ်။
ဒီဗို့လေးတွေစုံရဲ့သားနဲ့မှ အမ်ပီယာလုံးလုံးမဆွဲရင် CPU။
ဒီဗို့လေးတွေစုံ အမ်ပီယာလဲဆွဲရဲ့သားနဲ့မှ စက်မနိုးခဲ့ရင်တော့
၁.ဖန်းဝဲရေးကြည့်ပါမည်။
၂.ပါဝါအိုင်စီအသစ်လဲခြင်း(သို့မဟုတ်)အနိုးစက်မှ ပါဝါအိုင်စီ ခနအစားထိုးကြည့်ခြင်းများ
လုပ်ကြည့်ကြပါရန်။
၃.ထိုသို့အနေအထားရောက်ရဲ့နဲ့မှ စက်မနိုးနိုင်ခဲ့ရင်(သို့မဟုတ်)၀.၂ အမ်ပီယာထောက်နေ
တယ်ဆိုရင်တော့ eMMC ကိုသာလဲခြင်းဖြင့်သာ။
ပုံ(၃)သင်ဧ။် စက်တလုံးနိုးထခြင်း အစစ အရာရာ အဆင်ပြေပြီဆိုရင်တော့
ပါဝါအိုင်စီမှ Application ပိုင်းဆိုင်ရာများအတွက် ဗို့များအသီးသီး
ထုတ်ပေးသည့်မြင်ကွင်းပင်ဖြစ်ပေသည်။
ထိုဗို့ထွက်များမှ ချွတ်ချော်မှု့တခုခုရှိခဲ့မယ်ဆိုရင်တော့ User interface
မှပြုတ်ကျနေခြင်းများ။စက်နိုးပြီး ပူနေခြင်းများ။ဟန်းနေခြင်းများ။
နိုးလိုက်သေလိုက်ဖြစ်နေခြင်းများ-စသဖြင့်
ဖြေရှင်းနိုင်ခြင်းများကို အကျိုးခံစားရပါမည်။
အားလုံးအောင်မြင်ကြပါစေ။
ဦးမောင်နိုင်



G730_C00 စက်နိုးခြင်း By ဆရာဦးမောင်နိုင်

G730_C00 စက်နိုးခြင်း။
ပုံ(၁)Standby Volt လေးတွေပါ။ပါဝါခလုတ်နှိပ်လိုက်ရင် 3.2V မှ 3.7V ပြောင်းသွားတဲ့
C လေးတွေပါ။
ပုံ(၂)ပါဝါခလုတ်မှာရှိတဲ့ စက်နိုး Signal လေး 0.8V ကို Ground ငုတ်လေးနဲ့ပူးလိုက်ရင်
စက်နိုးရန်လိုအပ်တဲ့ ဗို့လေးတွေ ပါဝါအိုင်စီက နေရာအသီးသီးကို ဗို့ထုတ်ပေးပုံလေးပါ။
ဒီဗို့လေးတွေ စုံအောင်စစ်ရပါမယ်။
ဒီဗို့လေးတွေစုံရဲ့သားနဲ့မှ အမ်ပီယာလုံးလုံးမဆွဲရင် CPU။
ဒီဗို့လေးတွေစုံ အမ်ပီယာလဲဆွဲရဲ့သားနဲ့မှ စက်မနိုးခဲ့ရင်တော့
၁.ဖန်းဝဲရေးကြည့်ပါမည်။
၂.ပါဝါအိုင်စီအသစ်လဲခြင်း(သို့မဟုတ်)အနိုးစက်မှ ပါဝါအိုင်စီ ခနအစားထိုးကြည့်ခြင်းများ
လုပ်ကြည့်ကြပါရန်။
၃.ထိုသို့အနေအထားရောက်ရဲ့နဲ့မှ စက်မနိုးနိုင်ခဲ့ရင်(သို့မဟုတ်)၀.၂ အမ်ပီယာထောက်နေ
တယ်ဆိုရင်တော့ eMMC ကိုသာလဲခြင်းဖြင့်သာ။
ပုံ(၃)သင်ဧ။် စက်တလုံးနိုးထခြင်း အစစ အရာရာ အဆင်ပြေပြီဆိုရင်တော့
ပါဝါအိုင်စီမှ Application ပိုင်းဆိုင်ရာများအတွက် ဗို့များအသီးသီး
ထုတ်ပေးသည့်မြင်ကွင်းပင်ဖြစ်ပေသည်။
ထိုဗို့ထွက်များမှ ချွတ်ချော်မှု့တခုခုရှိခဲ့မယ်ဆိုရင်တော့ User interface
မှပြုတ်ကျနေခြင်းများ။စက်နိုးပြီး ပူနေခြင်းများ။ဟန်းနေခြင်းများ။
နိုးလိုက်သေလိုက်ဖြစ်နေခြင်းများ-စသဖြင့်
ဖြေရှင်းနိုင်ခြင်းများကို အကျိုးခံစားရပါမည်။
အားလုံးအောင်မြင်ကြပါစေ။
ဦးမောင်နိုင်



ဂရန်ဆိုသည်မှာ

ဂရန်ဆိုသည်မှာ ၁
ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး...
ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ...
“ဂရန်ဆိုသည်မှာ”
အပိုင်း - ၁ ဂရန်
်၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။
ဂရန်လျှောက်ထားခြင်း၂။
အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။
ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ၃။
အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။ ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။
အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား၎။
လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။
မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။
မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ၅။
ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။
( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။
ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊
ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်
(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်န၀ါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်န၀ါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။
ဇော်မင်း(နတ်မောက်)

Tuesday, January 19, 2016

Android ဖုန်းတစ်လုံး Zawgyi Font ထည့်ခြင်း BY Ko Naing Lynn Kun

Android ဖုန်းတစ်လုံး Zawgyi Font ထည့်ခြင်း
==================================
ပထမဆုံး လိုအပ်တာတွေက
- Rooted Android ဖုန်း
- RootExplorer apk
- ZawgyiOne.ttf or SmartZawgyi.ttf (Credit ကိုကျော်စွာသွင်)
- Root Explorer ကို Install လုပ်ပြီး ဖွင့်လိုက်ပါ ။ Super User မှ Request
တောင်းလျှင် Allow or Grant ပေးလိုက်ပါ ။
- RootExplorer ဖြင့် /system/etc/fallback-fonts.xml ကို ဖွင့်ဖတ်ပါ ။
- အထဲတွင် မြန်မာနှင့်ဆိုင်သော font နာမည် များ ပါမပါ စစ်ပါ ။
ဥပမာ - Padauk.ttf ( ပိတောက် ) , Myanmar , zawgyi
-ပါလာခဲ့လျှင် နာမည်ကို အတိအကျ မှတ်ထားပါ ။
ဥပမာ - Padauk-book.ttf
- မြန်မာနှင့် ဆိုင်သော font နာမည် များ ပါလာခဲ့လျှင် ..........
1. ZawgyiOne.ttf ကို မှတ်ထားခဲ့တဲ့ နာမည် အတိုင်းပြောင်းပါ ။
ဥပမာ . Padauk-book.ttf ဟုတွေ့လျှင် ZawgyiOne.ttf ကို Padauk-book.ttf လို့နာမည်ပေးပါ ။ Padauk-book.ttf နှင့် SamsungMyanmar.ttf ဟု နာမည် ၂ ခုတွေ့လျှင် ZawgyiOne.ttf ၂ ဖိုင်ကို ခုနက နာမည် တစ်ခုစီကို ပြောင်းပါ ။ 4 ခု တွေ့လျှင် 4 ဖိုင်ပြောင်းပါ ။ တွေ့ရင် တွေ့သလောက်ပြောင်းပါ ။
2. ပြီးလျှင် နာမည် ပြောင်းထားသော .ttf font file များကို rootexplorer အားအသုံးပြုပြီး /system/fonts/ ဖိုဒါထဲကို ထည့်ပါ ။ နာမည်တူရှိနေလျှင် overwrite လုပ်ပေးပါ ။ read only ဖြစ်နေလျှင် RootExplorer ၏ အပေါ်နားကခလုပ် (R/W) ကို (R/O) ဖြစ်အောင် တစ်ချက်နှိပ်ပေးပါ ။
3. ထည့်ပြီးသွားလျှင် font file တစ်ခုချင်းဆီကို Permission 644 , rw-r-r ကို ပြောင်းပေးပါ . ( font file ကို အကြာကြီး နှိပ်ထားပြီး Permission ကို ရွေးပြီး permission ပေးပါ )
- မြန်မာနှင့်ဆိုင်သော font နာမည် တစ်ခုမှ မပါခဲ့လျှင် ZawgyiOne.ttf ကို အောက်ပါ အတိုင်း နာမည် ပြောင်းပါ ။
1.Xiaomi ဖြစ်နေပါက Miui-Regular.ttf , Miui-Bold.ttf
2.Xiaomi မဟုတ်လျှင် Android Version ကို ကြည့်ပါ ။
Version 4.0 နှင့်အထက် ဆိုလျှင် -
Roboto-Regular.ttf
Version 4.0 ၏အောက်ဆိုလျှင် -
DroidSansFallback.ttf
-ပြီးလျှင် Permission 644 , rw-r-r ပေးပါ ။
အကုန်ပြီးလျှင် Restart ချပါ ။
Clash Of Clan မြန်မာဖောင့် ထည့်လိုလျှင် Roboto-Regular.ttf တွင် ZawgyiOne.ttf ကို အစားထိုးပါ ။
ဟိုးပထမဆုံး Android ဖုန်းကနေ အခုနောက်ဆုံးထွက်အထိ တင်မက နောက်ထွက်လာမယ့် Android တွေအထိ မြန်မာဖောင့်ထည့်နည်း ပါ grin emoticon

Thursday, January 7, 2016

Capacitor By ဆရာသန်းထိုက် ( ရွှေရိပ်)

Capacitor သင်တန်းစာ
-----------------------------------
Wall ပေါ်မှာ Resistor နဲ့ Diode တွေကိုရှင်းပြပြီးပါပြီ
အခု C အကြောင်းပါ။
လျှပ်စစ်စွမ်းအင်ကို သိုလှောင်ထားနိုင်ပြီး လျှပ်သိုပစ္စည်း Condenser လို့လည်းခေါ်ပါတယ်။
လျှပ်ကူးပစ္စည်း Conductor အဖြစ် သတ္တုပြား နှစ်ခုကြားတွင် လျှပ်ကာပစ္စည်း Insulator ဒါမှမဟုတ် Dielectirc substance ကိုထည့်ထားတည်ဆောက်ပါတယ်။
တိုင်းတာမှုကို Capacitance ဖြင့်တိုင်းတာပါတယ်။ 1 farad မှာ 1,000,000 Micro Farad ရှိပါတယ်။
Cirucit များပေါ်တွင် C ဆိုသောသင်္ကေတကို သုံးထားကြပြီး တိုင်းတာမှုယူနစ်ကိုတော့ Farad(f) ဖြင့် ရေးသားကြပါတယ်။ မိုဘိုင်းပေါ်တွင် SMD Capacitor များအဖြစ် အညိုရောင်တုံးလေးများကိုတွေ့ရပါမယ်။ အကယ်၍ အနက်ရောင်ဖြစ်နေပါက အနားအဖျားမှာ ငွေရောင်ဖြစ်နေတာကိုတွေ့ရပါမယ်။ နီညိုရောင်၊ လိမ္မော်ရောင် တွေနဲ့လည်း တွေ့နိုင်တာကို သတိထားသင့်ပါတယ်။
လျှပ်လိုင်းပေါ်မှာ ရှုပ်ထွေးလှိုင်း(AC) ပါလာပါက ရှင်းထုတ်ပေးသောလုပ်ဆောင်ချက် အတွက် မရှိမဖြစ် တပ်ဆင်ထားကြပါတယ်။ အများအားဖြင့် IC တွေနားမှာအတွေ့များပါတယ်။ IC အများစုဟာ AC ရှုပ်ထွေးလျှပ်လှိုင်းတွေကို မလိုချင်ကြပါဘူး။ ဒါကြောင့် Capacitor တွေကို + နှင့် - လိုင်းကို ခွသုံးထားတာများပါတယ်။
အချို့နေရာတွေမှာတော့ Chip Capacitors လို့လည်းခေါ်ဆိုကြပါတယ်။
လျှပ်ကူးဖလင်ပြားလေးများအကြား Ceramic တုံးလေးများထည့်၍ တည်ဆောက်ထားတာပါ။ တိုင်းတာမှု Capacitance တန်ဖိုးဟာ Ceramic တွင်ပါဝင်ထားသော Dielectric ကိန်းသေတန်ဖိုးနဲ့ ဖလင်ပြား၏ မျက်နှာပြင် ဧရိယာပေါ်တွင်သာမူတည်နေပါတယ်။
AC လှိုင်း၊ DC လှိုင်းတွေကို တိုးချဲ့ခြင်း သိုလှောင်ညှိနှိုင်းပေးခြင်းများအပြင် အသံနှင့် Wave ဆွဲအားတွေကို လည်းမြှင့်တင်ခြင်း တိုးမြင့်ပေးခြင်းတွေကိုပါ လုပ်ဆောင်ပေးနိုင်ပါတယ်။
လျှပ်စီးပတ်လမ်းသုံး Capacitor တွေဟာ အလွယ်တကူ ပေါက်ပြီး ပွင့်ထွက်နိုင်ပါတယ်။ Open ဖြစ်တယ်လို့ ပြောကြပါတယ်။
Jumper ကျော်ဖို့ မဖြစ်နိုင်တဲ့ အနေအထားတွေကြုံလာပါ့မယ်။ Capacitor တွေကို Jumper ကျော်လို့မရပါဘူး။ အစားထိုး လဲလှယ် မှသာ ရပါတယ်။ ဒါကြောင့် ယခုလို အကျယ်ချဲ့ ရှင်းပြနေရတာပါ။
အချို့ လိုင်းတွေမှာတော့ ဖြုတ်ထားရင်လည်း ဖြစ်တဲ့အခြေအနေရှိပါတယ်။ တစ်ခါတရံတော့ ထိုလျှပ်လိုင်းမှာ Capacitor ဟာ ရှိနေသင့်တာမို့ အစားထိုးပြန်ထည့်ပေးသင့်တာတွေကိုလည်း သတိပြုပါ။
------------
စေတနာရှိလို့ကို အပင်ပန်းခံစာရိုက်ပြီးရှင်းပြးတာပါ။ အယူအဆမတူရင်လည်း ကျော်သာဖတ်သွားပါ။ မှားတာကို ထောက်ပြတာ လက်ခံတယ်
ငါသိငါတတ်ငါသာအမှန် ပုံစံနဲ့တော့ ပညာလာမပြပါနဲ့ အခြားသင်ယူစမိတ်ဆွေတွေကို ထိခိုက်နိုင်စိတ်ရှုပ်နိုင်လို့ Block ပစ်ပါမယ်။
တတ်လို့ ကျွမ်းလွန်းအားကြီးလို့ရှင်းပြနေတာမဟုတ် စေတနာနဲ့ကိုရှင်းပြနေတာပါ။
ဆက်ရန်
သန်းထိုက်(ရွှေရိပ်)

Capacitor သင်တန်းစာ(၂)
-----------------------------
မိတ်ဆွေတွေအားကြီး အားပေးတယ် ဒါကြောင့်ဆက်ရေးတယ်ဗျ
Multimeter ဖြင့် Capacitor ကိုတိုင်းတာခြင်း
-----------------------------------------------------
Capacitor ဟာအပျက်လွယ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ပျက်တဲ့အခါမှာလည်း ပုံစံအားဖြင့် ၅မျိုးလောက် ရှိတာကိုတွေ့ရပါတယ်။ ထင်ရှားတဲ့သုံးမျိုးတော့ ပြောပြပါ့မယ်။

၁။ Short ဖြစ်နေခြင်း
အသုံးပြုရန်ကြာမြင့်မှု၊ အပူချိန်များမှုတွေကြောင့် Short ဖြစ်လွယ်ပါတယ်။ ဖင်များဆူပြီးပေါက်နေတာကို အလွယ်တွေ့နိုင်ပါတယ်။
၂။ Open ဖြစ်နေခြင်း
ပွင့်နေခြင်းလို့ပြောတာပါ။ ကြာမြင့်စွာသုံးစွဲမှုကြောင့် Electrolytic တွေခြောက်ခမ်းလာပြီး ချောင်သွားကာ Capacitor တွေခုခံမှုမြင့်လာပါလိမ့်မယ်။ သိုလှောင်နိုင်စွမ်းကျဆင်းသွားပါတယ်။
၃။ Leaky ဖြစ်သွားခြင်း
ယိုဖိတ်မှုဖြစ်သွားတာပါ။ အချိန်ကြာလာတာနဲ့ အမျှ Capacitor တွေဟာ လျှပ်သိုနိုင်စွမ်း ကုန်ခမ်းလာပါတယ်။ Meter ဖြင့် တိုင်းတာတဲ့အခါ အစွန်းနှစ်ဖက်တန်ဖိုးတူနေလျှင် Leaky ဖြစ်နေတာပါ။
ဒါတွေကိုစစ်ဆေးရန်မှာ Ohm Meter Scale ဖြင့် အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ လျှပ်စစ်အား ရှိနေစဉ်တိုင်းတာသောအခါ သတိထားရပါမယ်။ သိုလှောင်စွမ်းအား uF များတဲ့အခါ ထိခိုက်နိုင်ပါတယ်။
စာရေးသူကတော့ အလွယ်တိုင်းတာနည်းကိုသာ သင်ပြပေးလိုက်ပါတယ်။ အခြားသောနည်းလမ်းများ စွာလည်းရှိပါသေးတယ်။
စာဖတ်သူရဲ့ Meter မှာပါတဲ့ အမြင့်ဆုံး Ohm Scale ကိုသုံးရပါမယ်။ X10k ဒါမှမဟုတ် X1M ပေါ့။
လျှပ်သိုဖြစ်တဲ့ Capacitor ရဲ့ သဘောကို ကလျှပ်သိုဖြစ်လို့ မီတာတံဟာ ပြန်ကျသွားရပါမယ်။ ပြောင်း ပြန်ပြန်တိုင်းလျှင် ခုဏသိမ်းထားသော လျှပ်စီးကြောင့် ဇက်ကနဲတက်ပြီး ချက်ခြင်း ပြန်ဆင်းသွားရပါမယ်။
Beep အသံဖြင့် Meter တိုင်းတဲ့အခါ သတိထားရမှာက Frequency Filter Capacitor တွေဟာ Beep အသံထုတ်ပေးနိုင်စွမ်းရှိပါတယ်။ Shock ရှိတယ်ဆိုပြီးမဖြုတ်ပါနဲ့။ အရောင်နဲ့ တည်နေရာအုပ်စုကို သေချာ လေ့လာသင့်ပါတယ်။
ဆက်ရန်ရှိ
သန်းထိုက်(ရွှေရိပ်)
Capacitor သင်တန်းစာ(၃)
-----------------------------
မီတာတိုင်းတာနည်းတွေထဲအဆက်ပါ
တိုင်းတာမှုတွက် ရလာဘ်များမှာအောက်ပါအတိုင်း ဆုံးဖြတ်နိုင်ပါတယ်။
၁။ အလွတ်တိုင်းတာရာတွင် အမှတ်ပါသောဘက်(ခြေတံတို) ကိုအနက်တံ ကျန်ဘက်ကိုအနီတံဖြင့် တိုင်းသောအခါ မီတာ 0 Ohm ဘက်သို့တက်သွားရပါမယ်။ ချက်ခြင်း ပြောင်းပြန်ပြန်တိုင်းသောအခါ ဇက်ကနဲသာ တက်ပြီး ပြန်ဆင်းသွားရပါမယ်။ ဒါဆိုကောင်းတဲ့ Capacitor ပါပဲ။
၂။ မီတာမြားတံဟာ 0 Ohm သို့တက်သွားပြီး အားယူပါမယ်။ ပြောင်းပြန်ပြန်တိုင်းသောအခါ တက်ပြီး ပြန်မကျလာရင်တော့ သိုလှောင်အားကို ပြန်ထုတ်ပေးခြင်းမရှိလို့ပါ။ ဒါဆိုရင်တော့ Short ဖြစ်နေပါပြီ။ မသုံးသင့်ပါ။
၃။ နက်နီကို တစ်ဖက်တိုင်းသည်က အားယူခြင်းဖြစ်ပြီး ပြောင်းပြန်ပြန်တိုင်းသည်က အားထုတ်ခြင်းဖြစ် ပါတယ်။ ဒါကိုသိမှ ကောင်းမကောင်း တိုင်းတာနိုင်ပါလိမ့်မယ်။
၎။ 0 ohm ဘက်သို့တက်သော အမှတ်ကို မှတ်ထားပါ။ ပြောင်းပြန်အားပြန်ထုတ်ပါ။ နောက်တစ်ကြိမ် ပြန်တိုင်းပါ ခုဏတက်သောအမှတ်ထိနီးပါးတက်ရပါမယ်။ မြားတက်မှု ကွာဟနေလျှင် Leaky ဖြစ်နေတာပါ။
နောက်တစ်မျိုးက နက်နီကို တစ်ကြိမ်တိုင်းတဲ့အခါ မြားတက်ပြီး ပြန်ဆင်းသွားရပါမယ်။ တစ်ဖက်မလှည့်ပဲ ထိုအတိုင်း ပြန်တိုင်းလိုက်ပါ။ မြားမတက်ရပါဘူး။ ဗို့ရှိပြီးသား/ ဒါမှမဟုတ် ဗို့အကုန်ထုတ်ပြီးသားဖြစ်လို့ပါ။ ပုံစံတစ်ခုအတွက် တစ်ကြိမ်သာ အတက်အဆင်းရှိရပါမယ်။ တိုင်းသည့်အခါတိုင်း မြားတက်နေလျှင် Leaky ဖြစ်တာပါပဲ။
၅။ လျှပ်သွင်းတဲ့အတိုင်း တိုင်းတာသော်လည်း မြားတံမတက်လာပါက အနန္တသဘောဖြစ်နေလို့ ထို Capacitor ဟာOpen ဖြစ်နေတာပါ။ ပြောင်းပြန် လှန်တိုင်းခြင်းဖြင့် သုံးလေးကြိမ်ခန့်ကြိမ်းသေအောင် စစ်သင့်ပါတယ်။

မိုဘိုင်းများတွင်စမ်းသပ်သောအခါ ပြဿနာတစ်ခုရှိပါသေးတယ်။ ဘေးဆက်ကြောင်းပတ်လမ်းတွင် အခြားသော Capacitor များနှင့်တွဲနေလျှင် တိုင်းတာသောအခါ အမှန်ရရန် ခဲယဉ်းနိုင်ပါတယ်။ ဖြုတ်တိုင်းလျှင် ပိုမို မှန်ကန်ပါလိမ့်မယ်။
မိုဘိုင်းဖုန်းများပေါ်တွင် တွေ့နိုင်တဲ့ Capacitor တွေကတော့ DC Current အ၀င်ကိုလက်ခံပြီး အထွက်ကို စစ်ထုတ်ရန်သုံးတဲ့ Filter Capacitor တွေ၊ နောက်တစ်မျိုးကတော့ Circuit ပေါ်တွင် စီးနေသော လျှပ်စီးထက် ပိုမိုလိုအပ်လျှင် ပံ့ပိုးရသော Current Control Capacitor တွေဖြစ်ပါတယ်။
Current ထိန်းတဲ့ Capacitor တွေမှာ မျဉ်းလေးပါတာကို ဂရုစိုက်ပြီး သုံးရပါမယ်။ မျဉ်းပါတဲ့ဘက်က + ဖြစ်ပါတယ်။ မှားတပ်မိရင် Current ပျက်နေတတ်ပါတယ်။ နောက်တစ်မျိုးက Electrolytic Capacitor လို့လည်း ခေါ်ကြပါတယ်။
နောက်ဆုံးတစ်မျိုးက Network အပိုင်းတွင် သုံးတဲ့ Capacitor တွေဖြစ်ပါတယ်။ နေရာအတော်များများမှာ ပါပါတယ်။ ပျက်ခဲ ပါတယ်။ ရေစိုတဲ့ ဖုန်းအလုံးတွေမှာတော့ လောင်နေတာတွေတွေ့ဖူးပါတယ်။ ဗို့အားလိုင်းတွေမှာသုံးတာထက် ပိုသေးတာကိုတွေ့ရပါမယ်။ Network လိုင်းတွေကိုသန့်စစ်ဖို့သုံးတာပါ။ မီတာနဲ့ Beep တိုင်းရငိ အသံမြည်တတ်ပါတယ်။ Shock ဖြစ်နေတာမဟုတ်ပါ။
ဆက်ရန်တော့ရှိသေး
သန်းထိုက်(ရွှေရိပ်)

Diode By ဆရာ သန်းထိုက် (ရွှေရိပ်)

Diode သင်တန်းစာ
............................
Diode ဒိုင်အုပ်ဆိုတာ လျှပ်စီး Current ဆိုတဲ့လမ်းကြောင်းမှာ ခွင့်ပြုထားသော Volt ဖြစ်တဲ့ + ဒါမှမဟုတ် - ကိုသာ ဖြတ်သန်းခွင့်ပြုသော Components တစ်ခုပါ။
တွိဂံလေးပါတဲ့ဘက်သည် A နှင့်ခပ်ဆင်ဆင်မို့ Anode(A) လို့မှတ် နောက်တစ်ဘက်က အချောင်းလေးမို့ K ကအထောင်အချောင်းလေးနဲ့တူတယ်လေ အဲ့ကြောင့် Cathode(K) လို့မှတ် ဒါဆိုအမှတ်လွယ်တာပေါ့။
ပြီးတော့ အပေါင်းအနုတ်ခွဲမယ် တစ်ဘက်က တွိဂံ တစ်ဘက်ကအချောင်းမဟုတ်လား အချောင်းလေးက - နဲ့တူတယ်လေ ဒါဆိုအဲ့ဘက် အနုတ်မှတ် ကျန်တစ်ဘက် + ပေါ့
ဒါကမှတ်သားနည်းအလွယ်တွေ
Components ပေါ်မှာဆို အစင်းချောင်းလေးပါတယ် - အစင်းနဲ့ - နဲ့တွဲမှတ်လွယ်ပါတယ်
မီတာတိုင်းမယ်ဆို Analog Meter 1x 10x ohm scale ထား မှတ်မိနေသေးလား အဲ့အချိန်မှာ +သည် အမဲတံ၊ - သည်အနီတံ ပြောင်းပြန်သက်ရောက်လို့ မှတ်ယူရမယ်ဆိုတာ
ဒါဆို Diode ကိုတိုင်း တစ်ဘက်ကမြားတက်သွားတယ် နောက်တစ်ဘက်က မြားမတတ်ကရဘူး လုံးဝကိုမတက်ရဘူး တက်နေရင် Leaky ဖြစ်နေတာ ယိုဖိတ်နေတာပေါ့
သီအိုရီပြောဆို
အပေါင်းဘက်မှ အပေါင်းကိုဖြတ်စီးစေပြီး အနုတ်ဘက်မှဆို အနုတ်ကိုသာဖြတ်စီးစေတယ်
လူသိများတဲ့ D တွေက မီးလင်းတဲ့ LED, ပုံမှန်သုံး Diode, ကန့်သတ်ဗို့ ဖြတ်သန်းခွင့်ပေးတဲ့ ဗို့စစ်သုံး Zener Diode တွေကိုအသုံးများတယ်
သုံးပုံတွေက
+ နဲ့ - ရောနေတဲ့ AC Current လိုင်းတွေမှာ + သက်သက် - သက်သက်ဖြစ်အောင်ခွဲထုတ်ပေးတယ် ဒါဆို တစ်လမ်းထဲ ခွဆက်ပေါ့။
တည်ငြိမ်တဲ့ Smooth ဖြစ်တဲ့ Current လိုင်းဖြစ်စေဖို့
Circuit တွေမှာ + နဲ့ - လိုင်းနှစ်ခုကြား ထောက်ဆက်ထားတယ်။ သတိထားရန်မှာ လမ်းကြောင်းဗို့ရဲ့ ပြောင်းပြန်ထည့်သုံးရမယ်။ ++ -- ထည့်သုံးရင်တော့ Short လမ်းဖြစ်လာပြီး သိပ်မကြာခင် Shock ဖြစ်သွားနိုင်တယ် လောင်သွားမယ်ပြောတာပါ
တစ်ခါတရံ Current ဆိုတဲ့ လမ်းပေါ်မှာ Negative Force သက်ရောက်စေလိုတဲ့အခါ + လှိုင်းတွေကို ဖယ်ထုတ်ဖို့ ဒိုင်အုပ်ကို တစ်လမ်းထဲ ခွဆက်မှာ အပေါင်းလာမယ့်ဘက် Cathode ထားလိုက်ပြီး လုပ်ယူရပါတယ်။
ဒီသဘောတရားတွေဟာ ကျယ်ပြန့်လွန်းအားကြီးပါတယ်။ အသေးစိတ်ကို စာအုပ်လေးထွက်လာခဲ့ရင်တော့ဖတ်ပေါ့နော် ခုတော့ နားလည်သလိုသာ ဖတ်ပေးပါ
Zener Diode ကိုတော့ + နဲ့ - လိုင်းမှာ A နဲ့ K ပြောင်းပြန်ထောက်ဆက်ထားခြင်းဖြင့်
ထိုလိုင်းပေါ်မှာ ကန့်သတ်ထားတဲ့ ဗို့တစ်ခုသာဖြတ်သွားဖို့ သုံးကြပါတယ်။
အတွေ့အကြုံအရ ရမ်းသမ်းပြောရရင် မိုဘိုင်းတွေမှာ Zener နဲ့ ရိုးရိုး D တစ်လုံးတွဲသုံးတဲ့လမ်းကြောင်းတွေမှာ တစ်ခုခုကြောင့် တစ်ခုခုပျက်ပါဆို ရိုးရိုးဒိုင်အုပ်ပဲ ပျက်တာတွေ့ရပါမယ်။ နောက်တစ်ချက်က Load ဆိုတဲ့နောက်ဆုံးအသုံး ထဲဝင်ခါနီးမှ ZD တွေကိုထည့်သုံးပါတယ်။ သူ့နောက်မှ Load နဲ့ ZD ကြားမှာ Capacitor တွေထည့်သုံးတာ ရှားပါတယ် အပျက်လွယ်လို့ပါ
ဒါပါပဲ Diode ဆိုတဲ့ သဘောတရားတွေပေါ့လေ
အချိန်များရခဲ့ရင် စိတ်နဲ့များကိုက်ခဲ့ရင် Scode သုံး Waveform တွေနဲ့ Diode သဘောကို လူတိုင်း Scode မသုံးပဲနားလည်နိုင်ဖို့ ရှင်းပြပေးပါ့မယ်နော်။

** ပုံများကြည့်နိုင်ရန် Google မှ Image ကိုရွေးကာ Diode လို့ရိုက်ရှာလိုက်ပါ။
သန်းထိုက်(ရွှေရိပ်)

Resistor အကြောင်း By ဆရာ သန်းထိုက် (ရွှေရိပ်)

ယနေ့သင်သော သင်တန်းစာ
-----Resistor သင်တန်းစာ စုစည်းမှု ၁-+၂+၃ -------
ဒီနေ့မနက်ကတည်းက တင်ထားတာလေးတွေ ပြန်စုပေးလိုက်တယ်နော်
အီလက်ထရောနစ်နည်းပညာဆိုတာ ယနေ့ထုတ်ကုန်များစွာရဲ့ စတင်ရာတစ်ခုဖြစ်ပါတယ်။
Circuit ဆိုတဲ့ ပေါင်းစည်းမှုအင်အားထုတ်ကုန်တစ်ရပ်အတွက် ထောက်ပံ့ပေးရာ ပစ္စည်းတွေကို Components လို့ခေါ်ပါတယ်။ ထို Components တွေကိုစုစည်းပြီး လမ်းကြောင်းဖွဲ့ ဖန်တီးထားရာကို Circuit လို့ခေါ်ပါတယ်။
ထိုဖန်တီးမှုတွင် တိုင်းတာရာမှာ Voltage ဆိုသော ဗို့စွမ်းအင်နှင့် Current ဆိုသော လျှပ်စီးကြောင်းတို့ပဲဖြစ်ပါတယ်။
ထိုဖြစ်တည်ရာကို ပံ့ပိုးသည်မှာ Load ဆိုသော Ampere မွေးဖွားရာသာဖြစ်ပါတယ်။
Resistor ဆိုတာ လျှပ်စီးလမ်းကြောင်းမှာ အခုအခံ အတားအဆီး အဖြစ်သုံးကြပါတယ်
ခုခံနိုင်မှု Resistant တန်ဖိုးကို Ohm ဖြင့်ဖော်ပြပါတယ်
Ohm - Kilo Ohm, Mega Ohm ဆိုပြီး အဆင့်လိုက် သက်မှတ်ထားပါတယ်
၁၀၀၀ Ohm ဆိုရင် 1KOhm ရှိပါတယ်။
ထားလိုက်ပါ
အလွယ်တွက်ရိုးလေးပေါ့
ပထမဆုံး ဒီကဗျာလေးနှစ်ပုဒ်အရင်ကျက်ထားလိုက်ပါနော်
Digit Poem **
နက်ဇီး၊ ညိုတစ်၊ နီနှစ်၊ မော်သုံး၊ ၀ါလေး၊ စိမ်းငါး၊ ပြာခြောက်၊ ရမ်းခွန်၊ ခိုးရှစ်၊ ဖြူကိုး
Multiplier Poem **
နက်ဆိုဒီတိုင်းယူ ၊ ညိုဆိုဇီးတိုး၊ နီတွေ့ရင်ကြားဒက်ထိုးကေတိုး၊
မော်ဒီကေသုံး၊ ၀ါမြင်က ဇီးအမ်ထား၊ စိမ်းမြင် ကြားဒက်မား၊
ပြာသွား၇င် အမ်ပေါင်းစား၊ ရမ်းမြင်ဇီးအမ်ထား
ဒီစာချိုးလေးနှစ်ပုဒ်ကျက်သာထားလိုက်တော့
ညမှပြန်တွေ့မယ်နော် တစ်ထိုင်တည်း Resister တွက်ယူပုံလေးရသွားစေရမယ်။
Calculator မလို၊ ကဏာန်းတွေစားနေဖို့မလို
ဒါလေးတွေရပြီနော်
R တစ်လုံးဟာလျှပ်စီးကြောင်းကို ခုခံမှုအဖြစ်သုံးနိုင်တဲ့အခါ လက်တွေ့အဖြစ် LED မီးသီးလေးတစ်လုံးကိုတွေးကြည့်မယ် LED မီးသီးလေးဟာ 9 V ဘယ်ခံနိုင်မလဲ
ဒါကြောင့် သူ့ရဲ့ + ဒါမှမဟုတ် - ဘက်မှာ 200 Ohm တစ်လုံးခံသုံးရပါမယ်ပေါ့
ဒါဆို LED လင်းရန်လိုနေတဲ့ ၃ ဗို့ဝန်းကျင်လောက်သာ Load ဖြစ်တဲ့ LED ကခံစားရတော့ LED မကျွမ်းတော့ပြီလေ
ဒါဆို 200 Ohm တစ်လုံးကိုရွေးဖို့လိုလာပြီ
တွက်ရိုးတွေ ဆော့ဝဲတွေရှိပါတယ် ဒါတွေထက် မိတ်ဆွေကို အခြေခံခိုင်မာစေလိုတဲ့စိတ်နဲ့ ဒီကဗျာလေးတွေ ဖန်တီးရေးဆွဲပြီးရှင်းပြရတာပါ နောင်ဘယ်အခါမဆိုသုံးနိုင်အောင်ပေါ့
R တစ်လုံးဟာ ပုံမှန် မြန်မာပြည်သုံး အ၀ယ်လွယ်ကတော့ ၄ ရောင်ပါတဲ့ ဟာလေးတွေပေါ့
ရွှေငွေပါတဲ့ဘက်ကို ညာဘက်ကထား ကျန်သုံးရောင်ကိုဖတ်ရပါမယ်
ဥပမာ -
ညို နက်ညိုရွှေ ကိုတွေ့တယ်ထား
ရွှေကိုညာဘက်ထားကိုင် ဘယ်ကစဖတ်ကြည့် ပထမနှစ်လုံးအတွက် ကိန်းထည့်ပါ့မယ်
ညို (၁) နက်(၀) ၁၀ ရပြီနော် တတိယတစ်လုံးကို တန်ဖိုးကဗျာလေးဖတ်ကြည့်
ညိုဆိုဇီးတိုး ပေါ့ ဒါဆို ၁၀ နောက်မှာ သုညတစ်လုံးထပ်တိုးလိုက်လေ
၁၀၀ အုမ်း ရပါတယ်ဗျာ
နီနက်မော် ဆိုတာလေးထပ်တွက်ကြည့်
နီ(၂) နက်(၀) မော်အတွက် တန်ဖိုးကဗျာလေးဆို မောဒီကေသုံးမဟုတ်လား
ဒါဆို ဒီအတိုင်းကို K သုံးခိုင်းတာလေ 20KOhm ရတယ်ပေါ့
နောက်တစ်ခု ပြာခိုးစိမ်း ဆိုတာလေး
ပြာ(၆) ခိုး(၈) မဟုတ်လား ၆၈ ရပြီနော် စိမ်းအတွက် တန်ဖိုးကဗျာလေးဖတ်ကြည့်
စိမ်းမြင် ကြားဒက်မား မဟုတ်လား ဒါဆို 68 ကြားထဲ ဒသမထည့် နောက်ဆုံး မားဆိုတော့ M ထည့်လိုက်ပါတယ်
6.8MOhm ရသွားပါတယ်ဗျာ
အနှစ်ချုပ်ကတော့ ဒက် ဆိုတာတွေ့ရင် ပနဲ့ ဒုကြား ဒသမခံ မားတို့ အမ်တို့ ဆို MOhm ကိုဆိုလိုတာ ဇီးဆိုတာ တိုးခိုင်းရင် သုညတစ်လုံး ပဒုပြီးရင်ထည့် ရာပြည့်ပေါ့
အရောင်ကို တန်ဖိုးရှာ တန်ဖိုးတွေကို အရောင်ပြန်ရှာနိုင်ရပါမယ်။ ပညာခန်းမျှဝေတာပါ
မနှစ်သက်ရင်ကျော်သွား မဖတ်ဖူးပါဘူးသာ သဘောထားသွား လိုမယ်ထင်တဲ့မိတ်ဆွေတွေအတွက် အပင်ပန်းခံ စာရိုက် အချိန်ပေးမျှဝေတာပါ
R တွေရဲ့ ခုခံမှုတန်ဖိုးကို Ohm နဲ့တိုင်းတာဖော်ပြပါတယ်၊ R ရဲ့ ဘယ်လောက်ထိ ခုခံမှုစွမ်းရည် အသုံးခံနိုင်မှုကိုတော့ Watt နဲ့တိုင်းတာပါတယ်
သတိထားရန်မှာ- လျှပ်စီးသည် အပူစွမ်းအင်သဘောရှိပြီး ပိုကျွံလာသော ဗို့များ၊ မလိုအပ်သော မလိုချင်၍ ပိုလို့စွန့်ထုတ်လိုသော ဗို့များကို အပူအဖြစ်ပြောင်းကာ စွန့်ထုတ်ပါတယ်
ဒါကြောင့် ဗို့အားမြင့်လိုင်းပေါ်မှာ Watt မြင့်သော(ဆိုဒ်ကြီးသော) R တွေကိုသုံးရပါတယ်
အများအားဖြင့်ကတော့ ၁၀ပ် ၊ ငါးမူးဝပ်၊ တွေသုံးကြပါတယ်။
နောက်တစ်ချက်က R တွေကို ပတ်လမ်းပေါ်မှာ တင်တိုင်းတဲ့အခါ အခြားဝန်းကျင်သက်ရောက်မှုရှိပါတယ် အမှန်မရနိုင်ပါ
ခုဏ အခန်း၁ မှာပြောခဲ့တဲ့ ၉ ဗို့ဓာတ်ခဲကနေ ၃ ဗို့ LED မီးထွန်းဖို့ ၂၀၀ အုမ်းတစ်လုံး ထည့်သုံးပါပြောခဲ့တာလေ မှတ်မိတယ်မလား
ဒါလေးကို ဗို့တိုင်းကြည့်လိုက်ပါ
ဒီအတွက် သိရန်မှာ Load ဆိုသော သက်ရောက်မှုသည် LED မီးသီး။ Current ကိုထိန်းချုပ်နိုင်သူသည် Resistor ။စွမ်းအင်သက်ရောက်မှုသည် ဓာတ်ခဲ ။
ဒါကိုသဘောပေါက်ရင်ဆက်မယ်
ဘာမီတာဖြစ်ဖြစ် DC 10 Volt အမှတ်ကိုရွှေ့ထား မီးသီးထွန်းထားပြီး LED ခြေနှစ်ဖက်ကိုတိုင်းကြည့်ပါ ၂ ဗို့မှ ၃ ဗို့အတွင်းပြပေးပါမယ်
R ရဲ့ နှစ်ဖက်ကိုတိုင်းကြည့်ပါ 3 V နီးပါးပြပါလိမ့်မယ်
မီးသီးကိုဖြုတ်လိုက်ပါ R နှစ်ဖက်ကိုတိုင်းကြည့်ပါ ပေးသွင်းဗို့နီးပါးသာ ၉ ဗို့လောက်ပြနေတာကိုတွေ့ရပါမယ်။
Current သဘောအရ cycle တစ်ပတ်မဖြစ်ခြင်း၊ Load သက်ရောက်မှုမရှိခြင်းကြောင့် ဆိုတာ သိစေချင်လို့ပါ။
ဆားကစ်တွေမှာ R ကို တစ်လမ်းထဲပေါ်မှာ ခွဆက်ထားတာနဲ့ - လိုင်းမှ + ကိုထောက်ဆက်ထားတာ ဆိုပြီး ၂ မျိုးတွေ့နိုင်ပါတယ်။ ဒါဆို သဘောက
တစ်လမ်းထဲမှာ ခွဆက်ရင် ဗို့လျှော့ပေးချင်လို့ ခုခံမှုယူတာပါ
မတူတဲ့ လမ်း ၂ လမ်း + နဲ့ - ကို ထောက်ဆက်လိုက်တာက Waveform သဘောနဲ့ဆို Signal ဖြစ်ချင်လို့ ရိုးရိုးသဘောဆို Short လိုင်းတစ်ခုဖြစ်စေချင်လို့
သတိထားရန်မှာ + နှင့် - ကို ထောက်ဆက်ခြင်းသည် အပူလွန်ကဲမှုဖြစ်စေပြီး Shock ဖြစ်စေနိုင်တယ်ဆိုတာကိုပါ။
နောက်ပိုင်း စိတ်နဲ့ကိုက်နေ၇င်တော့ ဒီ့ထက်အသေးစိတ်ရှင်းအောင်ရေးပေးပါ့မယ်နော်
ဒီနေ့ရှင်းပြသွားတဲ့ Resistor အကြောင်းလေး ပြန်စုပေးလိုက်တာပါ Wall ပေါ်တက်မရှာပဲ အပိုင်းလိုက်တွေဖတ်ပြီး ဘာတွေလဲဆိုကာ အပြစ်တွေမြင်ကုန်မှာစိုးလို့ပါဗျာ
စာသင်လိုက်၊ နားချိန်ရေးတင်လိုက်နဲ့မို့ Wall မှာပြန်ရှာပြီး ဆက်စပ်ဖက်ပေးပါ
ခုလဲကော်ဖီချိန်နားလို့ပါဗျ
သန်းထိုက်(ရွှေရိပ်)

Capacitor သို့မ ဟုတ် Condeser By ဆရာ ကိုအောင်

မနေ့ ကအဆက်လေးပါ။
Coupling Capacitor
ဒီကပ်စီတာလေးတွေကိုတော့ ဗို့ လမ်းကြောင်းပေါ်မှာမသုံးကြပါဘူး။ signal လမ်းကြောင်း ဖြစ်တဲ့
sound signal
RF signal နဲ့ အခြား အချက်ပြလိုင်းများကို အိုင်စီတစ်လုံးနဲ့တစ်လုံး ပေးပို့ ရာတွင် ၄င်းကပ်စီတာလေးများကိုကြားခံပြီး
ချိတ်ဆက်ထားကြပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ကပ်စီတာတွေကို ဒီစီဗို့ ကို ဖြတ်သန်းခွင့်မပြုပဲ ပိတ်ပေးထားနိင်ပြီး၊
အေစီနဲ့ အချက်ပြလိုင်းများကိုဖြတ်သန်းခွင့်ပြုပေးတဲ့အတွက် အိုင်စီများဗို့ အားမတူညီချက်ကြောင့် ပျက်စီးခြင်းမှလဲကာကွယ်ပေးနိင်ပါတယ်။

ပုံတွင် မိုက်အတွက် လိုအပ်တဲ့ audio signal လမ်းကြောင်းတွေမှာ CPU အိုင်စီနဲ့ တိုက်ရိုက်ချိတ်ဆက်ထားခြင်းမျိုးမဟုတ်ပဲ
ကပ်စီတာလေးနှစ်လုံးနဲ့ ခံပေးထားပါတယ်။
MIC-P, MIC-N လမ်းကြောင်းပေါ်မှာခံပေးထားတဲ့ C1512,C1513 တွေကို coupling capacitor ဟုခေါ်ပါသည်။
၎င်းကပ်စီတာလေးများသည် ဗို့ အားပေးပိုင်းနှင့်တိုက်ရိုက်ဆက်စပ်မှုမရှိတဲ့အတွက် သာမန်အတိုင်းဆို အပျက်အစီးနဲပါတယ်။
ရေ၀င်ပြီးဆားပေါက်မှသာ ပတ်လမ်းပြတ်ခြင်း ၊ခုခံမှုမြင့်တက်ခြင်းတို့ ကြောင့်၊ အသံတိုးခြင်း၊အသံအက်ခြင်းတို့ ကိုဖြစ်စေနိင်ပါတယ်။
Bypass Capacitor
ဒီကပ်စီတာလေးတွေကိုတော့အဓိကအားဖြင့် high frequency ကိုချေဖျက်ပေးရန်လိုသော ပတ်လမ်းများ၊ network ပိုင်းရှိ RC filter ပတ်လမ်းများ
တွင်အဓိကအသုံးပြုကြပါသည်။ low pass filter ပတ်လမ်းများတွင် အများဆုံးတွေ့ ရပါသည်။
ကပ်စီတာများသည် ဖုန်းပတ်လမ်းပေါ်တွင် အသုံးအများဆုံး components လေးများဖြစ်ပြီး အပျက်အစီးလဲများတာ
တွေ့ ရပါတယ်။ ကပ်စီတာလေးများ ရှော့ဖြစ်ခြင်းကြောင့် ပါဝါမလာခြင်း၊ လိုဂိုလေးပေါ်ပြီး ပြန်ကျသွားခြင်း၊ ချာချင်လမ်းကြောင်းများ
ရှော့ဖြစ်ခြင်းစတဲ့ error ပေါင်းစုံ တွေ့ ရပါတယ်။
ကောင်းမွန်တဲ့ ကပ်စီတာလေးတစ်လုံးဟာ မီတာနဲ့တိုင်းတဲ့အခါ လုံးဝမပြတာကိုတွေ့ ရပါတယ်။
အကယ်ရ၊် မီတာတံဟာ အဆုံးထိပြနေလျှင် ၄င်းကပ်စီတာ လေးရှော့ဖြစ်နေပါပြီ။
ပုံတွင် ကပ်စီတာလေးတစ်လုံးကို SMD tester နဲ့ တိုင်းတာပုံကိုပြပေးထားပါတယ်။
တကယ်လို့ ကပ်စီတာရှော့ဖြစ်နေလျှင် 0.L တွင်ပြနေပါမည်။
ကပ်စီတွေကိုတိုင်းတဲ့အခါပတ်လမ်းပေါ်တွင်မတိုင်းပဲ ဖြုတ်ပြီးတိုင်းတာပိုကောင်းပါတယ်။တိကျတဲ့အဖြေကိုရနိင်ပါတယ်။
ပတ်လမ်းပေါ်တွင်တိုင်းသောအခါ၊အခြားဆက်စပ်နေသော components အစိတ်အပိုင်းများကြောင့် တိကျတဲ့အဖြေကိုမရနိင်ပါဘူး။
ပတ်လမ်းတွင်အပြိုင်တတ်ဆင်ထားသော အခြားကပ်စီတာများကြောင့်လဲ ရှော့လက္ခဏာ ပြနေတတ်ပါတယ်။
Filter capacitor တွေရှော့ဖြစ်တဲ့အခါ ၄င်းတို့ တည်ရှိရာ ပတ်လမ်းအလိုက် error အမျိုးမျိုးဖြစ်လာတတ်ပါတယ်။
](1) VBAT Filter များရှော့ဖြစ်ခြင်း။[
ဒီကပ်စီလေးတွေဟာ battery အပေါင်းဗို့ အားလမ်းတစ်လျှောက် သုံးလုံးကနေ ရှစ်လုံးခန့် ရှိနေတတ်ပါတယ်။ပါဝါအိုင်စီဧ၊် နံဘေးတွင်
သာမကပဲ အခြားအစိတ်အပိုင်းများတွင်လဲရှိနေတတ်ပါတယ်။၎င်းကပ်စီတာလေးတွေဟာ အပေါင်းဗို့ အားလိုင်းနှင့် gnd ဂရောင်းလိုင်းတို့ အကြား
ခွပြီးတတ်ဆင်ထားကြတဲ့အတွက် ကပ်စီတာတွေရှော့ဖြစ်တဲ့အခါ အပေါင်းဗို့ လမ်းကြောင်းနဲ့ ဂရောင်းလမ်းကြောင်းတို့ ဟာ ထိစပ်သွားပြီး
ဒီစီဗို့ ကို ဂရောင်းထဲသို့ ဆွဲချခြင်းခံရပါတယ်။ဒါကြောင့်လဲပါဝါမလာနိင်တော့တာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ရှော့ဖြစ်နေတဲ့ကပ်စီတာကို မီတာနဲ့ ရှာမယ်ဆိုရင် ပတ်လမ်းပေါ်ကမဖြုတ်ပဲ on board တိုင်းမယ်ဆိုရင် အထက်တွင်
ပြောခဲ့သော VBAT Filter ဂလုံးစလုံး မည်သည့်အလုံးကိုပဲတိုင်းတိုင်းရှော့ဖြစ်နေသည့် လက္ခဏာပြနေပါမည်။
တစ်လုံးခြင်းကို ဖြုတ်လိုက်ရှာလိုက်လုပ်မည်ဆိုလျှင်ရနိင်ပါသည်၊သို့ သော် အချိန်များစွာကုန်မည်။
ရှော့ရှာရန်လွယ်ကူစေသောနည်းမှာ အမ်ပီယာကိုအသုံးပြုပြီးရှာသောနည်းဖြစ်ပါသည်။
ပုံတွင် အမ်ပီယာကိုအသုံးပြုပြီးရှော့ရှာနိင်သော စပလိုင်းတစ်ခုကိုပြပေးထားပါသည်။
၎င်းစပလိုင်းသည် အနဲဆုံး 1A မှ 3A ကြား ထိ
ချိန်ညှိထားနိင်ပါသည်။5A supply အသုံးပြုနည်းလေးကို ထပ်မံဖော်ပြပေးထားပါတယ်။
တစ်ချို့ပြောကြတာ 5A သုံးရင် အန္တရယ်များလို့ မသုံးရဲဘူးလို့ ပြောကြတယ်တကယ်လဲအန္တရယ်ဖြစ်နိင်လောက်တဲ့အကြောင်း
တွေရှိနေပါတယ်ဒါလေးတွေသိထားစေချင်လို့ ဒီပို့ စ်လေးတင်ပေးလိုက်တာပါအန္တရယ်ဖြစ်နိင်တဲ့အကြောင်း ၂ချက်ရှိပါတယ်
တစ်ချက်က စက်ရဲ့ချို့ယွင်းမှုနောက်တစ်ချက်က အသုံးပြုသူရဲ့ ပေါ့ရော့မှုကြောင့်ပါ
နံပတ်တစ် စက်ရဲ့ချို့ယွင်းမှုအပိုင်းမှာအဖြစ်အများဆုံးကတော့ နံပတ် 4 လို့ ရေးထားတဲ့
volume control လေးပါ သူဟာဘာလုပ်ပေးတာလဲဆိုရင် အထွက်ဗို့ ကိုလိုသလောက် ချိန်ညှိပေးနိင်တဲ့ control လေးပါ
အသံချဲ့စက်တွေမှာသုံးတဲ့ အသံအတိုးအကျယ်control လေးတွေနဲ့ဆင်တူပါတယ်အသံချဲ့စက်တွေမှာအဲဒီ control လေးစားနေရင်
တစ်နည်းအားဖြင့် ပျက်နေရင် အသံတွေတိုးလိုက်ကျယ်လိုက် စူးစူးဝါးဝါးအသံတွေထွက်လာလိုက်နဲ့
အသံဟာတည်ငြိမ်မှုမရှိတော့ပါဘူးanalog control တွေရဲ့အားနည်းချက်တစ်ခုပါ
ဒီလိုပါပဲ 5A မှာလဲ အထွက်ဗို့ ကိုထိန်းထားတဲ့control လေးစားလာရင် ထွက်လာတဲ့ဗို့ တွေဟာတည်ငြိမ်မှုမရှိတော့ပါဘူး
တက်လိုက်ကျလိုက် ဖြစ်လာပါတယ်အရမ်းဆိုးရွားလာရင် ဖုန်းတစ်လုံးကို ရှော့ဖြစ်
သွားနိင်တဲ့အထိ ဗို့ တွေပိုထွက်လာတတ်ပါတယ်ဒီလိုအခြေအနေဖြစ်လာရင် အဲဒီလcontrol လေးကိုအသစ်လဲပေးရင်ကောင်းသွားပါတယ်
electronic အပိုပစ္စ ည်းဆိုင်တွေမှာမေးဝယ်လို့ ရပါတယ်နောက်တစ်ချက် သုံးစွဲသူရဲ့ပေါ့ရော့မှုအပိုင်းကတော့အထွက်ဗို့ ကို အသေအခြာမစစ်ဆေးပဲ အလျင်စလိုဖုန်းနဲ့ချိတ်ဆက်မိခြင်းပဲဖြစ်ပါတယ်ဒါကိုတော့သုံးစွဲသူဘက်မှ သတိထားသုံးစွဲရန်သာ
အကြံပြုလိုပါတယ်အပေါင်းအနှုတ်မှားယွင်းစွာတတ်မိယုံနဲ့တော့လုံးဝမလောင်နိင်ပါဘူး
နံပတ် 5 ကတော့ အထွက်ဗို့ ကို ဒသမ ထိအနုစိတ်ချိန်ညှိလိုတဲ့အခါ အသုံးပြုဖို့ ပါ fine tune လုပ်တဲ့သဘောပါ လိုအပ်တဲ့ဗို့ ရောက်အောင်
4 နဲ့ချိန်ပြီး အနုစိတ်ကို 5 နဲ့ထပ်ညှိပေးတာပါ3နဲ့6 ကတော့ current output အတွက်ချိန်ညှိရတဲ့
အပိုင်းပါတနည်းအားဖြင့်အမ်ပီယာ ကိုလိုအပ်သလိုချိန်တာပေါ့ ရှော့ရှာရင်တော့ အဲ့ဒီ control နှစ်ခုစလုံး
အဆုံးထိတင်ပေးထားရင်ပိုကောင်းပါတယ်လိုအပ်သလိုလဲချိန်ညှိနိင်ပါတယ်
လုံးဝအဆုံးထိလျှော့ချထားပြီးရှော့ရှာမယ်ဆိုရင်တော့အဆင်မပြေနိင်ပါဘူးအမ်ပီယာပါမှလဲ အပူကထွက်လာမှာလေ
ပူတဲ့နေရာတွေ့မှကလဲရှော့ရှာတာတွေ့ မှာပေါ့7 နေရာမှာ အမဲရောင်အပေါက်နဲ့
အစိမ်းရောင်အပေါက် နှစ်ခုပြထားပါတယ်အထွက်ဗို့ ရဲ့Gnd ဂရောင်းလမ်းကြောင်းဖြစ်တဲ့
အတွက်ကြိုက်တဲ့အပေါက်ကိုအသုံးပြုလို့ ရပါတယ်8 ကတော့အပေါင်းဗို့ ထွက်လာမယ့်အပေါက်ပါ9ကတော့သာမန် ဖုန်းစက်နိုးတဲ့အချိန်မှာအစိမ်း
ရောင်မီးလေးလင်းနေပြီး ရှော့ရှိတဲ့အခါမျိုးမှာ10 ဘက်ကိုပြောင်းသွားပြီးမီနီလေးပြနေပါမယ်ဒါဆိုရင်မိမိချိတ်လိုက်တဲ့ဖုန်းဟာတစ်နေရာမှာ
ရှော့ဖြစ်နေပါပြီ1နဲ့2 ကတော့ အမ်ပီယာနဲ့ဗို့ တွေကိုဖော်ပြပေးမယ့် Digital ဒိုင်ခွက်လေးတွေဖြစ်ပါတယ်ဗို့ ကိုသာမိမိလိုသလိုချိန်ညှိခွင့်ရှိပြီး
current ပိုင်းကိုတော့ ရှော့ဆားကစ်အပေါ်မူတည်ပြီးစက်က ဖေါ်ပြပေးပါလိမ့်မယ်ရှော့ရှာပုံအသေးစိတ်ကိုထပ်မံဖော်ပြပေးပါမယ်။
ရှေ့ ဖြစ်နေတဲ့ ပတ်လမ်းတစ်ခုကိုရှော့ရှာနိင်ဖို့ အတွက် လိုအပ်တဲ့ဗို့ ကတော့ 3.5v ဆိုရင်လုံလောက်ပါတယ်။ အမ်ပီယာ control နှစ်ခုကိုတော့
အဆုံးထိချိန်ပေးထားဖို့ လိုပါတယ်။ စက်ပြားနဲ့ ချိန်မဲ့ကြိုးကို တတ်နိင်သမျှတိုတိုသုံးဖို့ လိုပါတယ်။ သိပ်ရှည်နေရင် အပူဟာကြိုးပေါ်မှာပဲ
ပျောက်ဆုံးသွားနိင်ပါတယ်။ နောက်တစ်ချက်က ကြိုးရဲ့ အမျိုးအစားပါ၊ အမျှင်များပြီးအသင့်အတင့်အရွယ်အစားတုတ်ခိုင်တဲ့ကြိုးဖြစ်ဖို့ လိုပါတယ်။
ဒါမှလဲ လျှပ်စီးကြောင်းအပြည့်အ၀စီးဝင်နိင်ပြီး ရှော့ဖြစ်နေသော ကပ်စီတာကို အပူကောင်းစွာ စီးစေနိင်မှာဖြစ်ပါတယ်။
ဒီလို အမ်ပီယာကိုအသုံးပြုပြီး ရှော့ရှာမယ်ဆိုရင် ကပ်စီတာဘယ်နှစ်လုံးပဲ ချိတ်ဆက်ထားထား ရှော့ဖြစ်တဲ့တစ်လုံးတည်းသာ ပူလာမှာ
ဖြစ်တဲ့အတွက် အချိန်ကုန်သက်သာပြီး၊ ခရီးတွင်စေပါတယ်။
ဆက်လက်ဖော်ပြပေးပါမယ်။