Showing posts with label Zawgyi. Show all posts
Showing posts with label Zawgyi. Show all posts

Tuesday, January 19, 2016

Android ဖုန်းတစ်လုံး Zawgyi Font ထည့်ခြင်း BY Ko Naing Lynn Kun

Android ဖုန်းတစ်လုံး Zawgyi Font ထည့်ခြင်း
==================================
ပထမဆုံး လိုအပ်တာတွေက
- Rooted Android ဖုန်း
- RootExplorer apk
- ZawgyiOne.ttf or SmartZawgyi.ttf (Credit ကိုကျော်စွာသွင်)
- Root Explorer ကို Install လုပ်ပြီး ဖွင့်လိုက်ပါ ။ Super User မှ Request
တောင်းလျှင် Allow or Grant ပေးလိုက်ပါ ။
- RootExplorer ဖြင့် /system/etc/fallback-fonts.xml ကို ဖွင့်ဖတ်ပါ ။
- အထဲတွင် မြန်မာနှင့်ဆိုင်သော font နာမည် များ ပါမပါ စစ်ပါ ။
ဥပမာ - Padauk.ttf ( ပိတောက် ) , Myanmar , zawgyi
-ပါလာခဲ့လျှင် နာမည်ကို အတိအကျ မှတ်ထားပါ ။
ဥပမာ - Padauk-book.ttf
- မြန်မာနှင့် ဆိုင်သော font နာမည် များ ပါလာခဲ့လျှင် ..........
1. ZawgyiOne.ttf ကို မှတ်ထားခဲ့တဲ့ နာမည် အတိုင်းပြောင်းပါ ။
ဥပမာ . Padauk-book.ttf ဟုတွေ့လျှင် ZawgyiOne.ttf ကို Padauk-book.ttf လို့နာမည်ပေးပါ ။ Padauk-book.ttf နှင့် SamsungMyanmar.ttf ဟု နာမည် ၂ ခုတွေ့လျှင် ZawgyiOne.ttf ၂ ဖိုင်ကို ခုနက နာမည် တစ်ခုစီကို ပြောင်းပါ ။ 4 ခု တွေ့လျှင် 4 ဖိုင်ပြောင်းပါ ။ တွေ့ရင် တွေ့သလောက်ပြောင်းပါ ။
2. ပြီးလျှင် နာမည် ပြောင်းထားသော .ttf font file များကို rootexplorer အားအသုံးပြုပြီး /system/fonts/ ဖိုဒါထဲကို ထည့်ပါ ။ နာမည်တူရှိနေလျှင် overwrite လုပ်ပေးပါ ။ read only ဖြစ်နေလျှင် RootExplorer ၏ အပေါ်နားကခလုပ် (R/W) ကို (R/O) ဖြစ်အောင် တစ်ချက်နှိပ်ပေးပါ ။
3. ထည့်ပြီးသွားလျှင် font file တစ်ခုချင်းဆီကို Permission 644 , rw-r-r ကို ပြောင်းပေးပါ . ( font file ကို အကြာကြီး နှိပ်ထားပြီး Permission ကို ရွေးပြီး permission ပေးပါ )
- မြန်မာနှင့်ဆိုင်သော font နာမည် တစ်ခုမှ မပါခဲ့လျှင် ZawgyiOne.ttf ကို အောက်ပါ အတိုင်း နာမည် ပြောင်းပါ ။
1.Xiaomi ဖြစ်နေပါက Miui-Regular.ttf , Miui-Bold.ttf
2.Xiaomi မဟုတ်လျှင် Android Version ကို ကြည့်ပါ ။
Version 4.0 နှင့်အထက် ဆိုလျှင် -
Roboto-Regular.ttf
Version 4.0 ၏အောက်ဆိုလျှင် -
DroidSansFallback.ttf
-ပြီးလျှင် Permission 644 , rw-r-r ပေးပါ ။
အကုန်ပြီးလျှင် Restart ချပါ ။
Clash Of Clan မြန်မာဖောင့် ထည့်လိုလျှင် Roboto-Regular.ttf တွင် ZawgyiOne.ttf ကို အစားထိုးပါ ။
ဟိုးပထမဆုံး Android ဖုန်းကနေ အခုနောက်ဆုံးထွက်အထိ တင်မက နောက်ထွက်လာမယ့် Android တွေအထိ မြန်မာဖောင့်ထည့်နည်း ပါ grin emoticon