Thursday, March 3, 2016

Xaoimi Mi Pad2 By Telecom Technology

Xaoimi Mi Pad2 ကို SuperSU မှားနှိပ်မိလို့ Logo ရပ်ခဲ့မယ်ဆိုရင်
*************************************************************************
*************************************************************************
ဒီ ပြသနာဟာ တော်တော်လေးကြီးပါတယ်။ ဖြစ်ရတဲ့အခြင်းအရာကို ရှာကြည့် လိုက်တဲ့အခါမှာ Bootloader Unlock မလုပ်လိုက်လို့ဆိုတာကို တွေ့ရပါတယ်။ Mi Pad2 အတွက် Bootloader Unlock Code တောင်းစရာမလိုပေမယ့်လည်း Bootloader Unlock လုပ်ဖို့ဆိုရင် Developer Options ထဲက Enable OEM Unlock ကို အမှန်ခြစ်ပေးထားခဲ့ရပါတယ်။
အမှန်မခြစ်ထားခဲ့မိရင် Fastboot Mode က Encrypt ဖြစ်သွားတဲ့အတွက် Fastboot ကနေ Firmware ပြန်ရေးလို့မရပါဘူး။ ကံဆိုးချက်က Recovery လည်းဝင်မရတဲ့အတွက် Update Firmware နဲ့လည်း ရေးမရပါဘူး။ ဒီတော့ ဖြေရှင်းနည်းလေးကို Step by step ဖော်ပြပေးလိုက်ပါတယ်။ အသုံးလိုတဲ့သူ တွေ အဆင်ပြေနိုင်အောင်ပါ။
အောက်က အဆင့်တွေကို မလုပ်ခင်မှာ Intel USB Driver ကို Google ကနေ ရှာဒေါင်းထားပါ။ ရလာရင် Install လုပ်ပေးထားရပါမယ်။
၁။ Bootloader Locked အနေအထားမှာ ဘယ်လိုမှ Firmware ရေးလို့မရတဲ့အတွက် တမျိုးတဖုံကြံရပါမယ်။ Qualcomm Base မဟုတ်ဘဲ Intel Base ဖြစ်တဲ့အတွက် Qloader ကလည်း ဖြေရှင်းလို့မရပါဘူး။
၂။ ဒါပေမယ့် Intel ဖြစ်တဲ့အချက်ကပဲ ဖြေရှင်းနိုင်မယ့်နည်းကို တွေ့သွားစေတာ ဖြစ်ပါတယ်။ Intel ဟာ Windows Base ဖြစ်တဲ့အတွက် Intel Processor နဲ့လာတဲ့ ဖုန်းတွေကို Windows တင်လို့ရပါတယ်။ ဒီတော့ မရတာကို ဒုက္ခခံစဉ်းစားမနေဘဲ Windows 10 တင်လိုက်ပါမယ်။
၃။ Windows 10 တင်ဖို့အတွက် Windows 10 Firmware လိုပါတယ်။ Windows 10 Firmware ကိုတော့ http://pan.baidu.com/s/1dEwKsSD ကနေ Download လုပ်နိုင်ပါတယ်။ (6.05 GB တောင်ရှိတယ် ငိငိ)
၎။ Download မဆွဲချင်ဘူးဆိုရင်တော့ ကွန်ပျူတာမှာ တင်ရတဲ့ Windows 10 ခွေကို သုံးပြီး Bootable Memory Stick လေးလုပ်ပြီး OTG Cable နဲ့ပဲဖြစ်ဖြစ် OTG Memory Stick နဲ့ပဲဖြစ်ဖြစ် တင်ပေးလို့ရပါတယ်။
၅။ Windows တင်တာက ကွန်ပျူတာနဲ့ အတူတူဖြစ်သလို လွယ်ကူလွန်းတာကြောင့် ချန်ထားခဲ့ပါတော့မယ်။
၆။ Windows တက်သွားပြီးရင် Driver စုံအောင် Install လုပ်ပြီး Windows 10 Tablet အဖြစ် အသုံးပြုလို့ရပါတယ်။
၇။ တကယ်လို့ Windows မသုံးဘဲ Android ပြန်ပြောင်းချင်တယ်ဆိုရင်လည်း ပြန်ပြောင်းလို့ရပါတယ်။ ပြန်ပြောင်းဖို့အတွက် အောက်အဆင့်လေးတွေအတိုင်း လုပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။
၈။ Android ပြန်ပြောင်းဖို့အတွက် Android Firmware လိုပါတယ်။ MiPad2 Android Firmware ကိုhttp://en.miui.com/a-234.html က ဒေါင်းထားပါ။
၉။ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ရင် images.gz ဖိုင်လေးထွက်လာပါမယ်။ အဲဒါကိုပါထပ်ဖြည်လိုက်ရင်တော့ image Folder လေးကို ထပ်ရမှာဖြစ်ပါတယ်။
၁၀။ ဖုန်းကို Fastboot Mode ၀င်ရပါမယ်။ Windows တင်ထားတာဖြစ်တဲ့အတွက် boot.img မပါတဲ့အတွက် သမရိုးကျ Fastboot Mode ၀င်လို့မရပါဘူး။ ဒီတော့ Dx Fastboot Mode ပဲဝင်ရပါမယ်။ Dx Fastboot Mode ၀င်ဖို့အတွက် ဖုန်းကို ပါဝါပိတ်ထားပါ။
၁၁။ ပါဝါပိတ်နေတဲ့ ဖုန်းကိုပဲ Power ခလုတ်နဲ့ Vol + လေးကို ၁၀ စက္ကန့်လောက်တွဲနှိပ်လေးလိုက်တာနဲ့ Dx Fastboot Mode ကို ရောက်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ Dx Fastboot Mode နဲ့လည်း Firmware ရေးလို့မရ သေးပါဘူး။ Firmware ရေးဖို့အတွက် သမရိုးကျ Fastboot Mode လိုအပ်ပါတယ်။
၁၂။ ရိုးရိုး Fastboot Mode ၀င်ဖို့အတွက် fastboot command လေးကို အသုံးပြုရပါမယ်။ fastboot boot လို့ရိုက်ပြီးတော့ ဖြည်ချထားတဲ့ Image ဖိုင်ထဲက loader.efi ဖိုင်လေးကို ဆွဲထည့်ပေးပါ။ ပြီး Enter ခေါက်လိုက်ရင် ရိုးရိုး Fastboot Mode ကိုရောက်သွားပါလိမ့်မယ်။
၁၃။ Fastboot Mode ကိုရောက်သွားရင်တော့ Bootloader unlock လုပ်ပေးရပါမယ်။ ဒီအတွက် fastboot oem unlock လို့ရိုက်ပြီး Enter နှိပ်ပေးပါ။ ဖုန်းမှာ Bootloader Unlock လုပ်၊မလုပ် အတည်ပြုချက်တောင်းလာတဲ့အခါမှာ တော့ Yes ကိုရွေးပေးလိုက်ပါ။
၁၄။ Bootloader ပြုတ်သွားရင်တော့ ကျန်တဲ့ Firmware ပြန်ရေးတာက လွယ်လွယ်လေးပဲဖြစ်ပါတယ်။ Fastboot Command လေးတွေနဲ့ ပြန်ရေးပေးလိုက်ရုံပဲဖြစ်ပါတယ်။ Command မရိုက်ချင်ဘူးဆိုရင်တော့ Intel Phone Flash Tool လေးနဲ့ Firmware ပြန်ရေးနိုင်ပါတယ်။ Intel Phone Flash Tool ကို ဒီကနေ Down နိုင်ပါတယ်။
၁၅။ တကယ်လို့ Flashtool မသုံးပဲ Fastboot Command တွေပဲသုံးမယ်ဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း command လေးတွေရိုက်ပြီး Firmware ရေးသွားရုံပဲဖြစ်ပါတယ်။ လိုအပ်တဲ့ () ပြထားတဲ့ ဖိုင်တွေကိုတော့ ဖြည်ချထားတဲ့ Image Folder ကနေ ဆွဲထည့်ပေးလိုက်ပါ။
* fastboot flash oemvars (oemvars.txt)
* fastboot flash oemvars (oemvars-battery-config-fake-disabled.txt)
* fastboot flash oemvars (oemvars-battery-config-fake.txt)
* fastboot flash gpt (gpt.bin)
* fastboot flash bootloader (bootloader)
* fastboot erase misc
* fastboot erase persistent
* fastboot erase metadata
* fastboot format config
* fastboot format factory
* fastboot format cache
* fastboot flash data (userdata.img)
* fastboot flash system (system.img)
* fastboot flash boot (boot.img)
* fastboot flash recovery (recovery.img)
၁၆။ ပြီးရင်တော့ ပြီးပြီဗျ။ Fastboot reboot ဆိုတာနဲ့ Android နဲ့ပြန်တက်လာပါလိမ့်မယ်။ နောက်တစ်ခါထပ်ဖြစ်စေချင်ရင်တော့ fastboot oem lock ဆိုတဲ့ command နဲ့ ပြန် bootloader lock လုပ်လိုက်ပေါ့ ဟီး စတာပါ။ Developer Options ထဲက Enable OEM Unlock ကို အမှန်ခြစ်ပေးထားခဲ့ ရင် ထပ်မဖြစ်တော့ပါဘူးဗျ။
ဒီ ပြသနာမျိုး ကြုံလာခဲ့ရင် အဆင်ပြေပြေ ဖြေရှင်းနိုင်ကြပါစေဗျာ။ ကျွန်တော်ဆို သုံးလေးရက်လောက် တိုင်ပတ်သွားတယ်။ ငိငိ










No comments:

Post a Comment