Tuesday, January 19, 2016

Android ဖုန်းတစ်လုံး Zawgyi Font ထည့်ခြင်း BY Ko Naing Lynn Kun

Android ဖုန်းတစ်လုံး Zawgyi Font ထည့်ခြင်း
==================================
ပထမဆုံး လိုအပ်တာတွေက
- Rooted Android ဖုန်း
- RootExplorer apk
- ZawgyiOne.ttf or SmartZawgyi.ttf (Credit ကိုကျော်စွာသွင်)
- Root Explorer ကို Install လုပ်ပြီး ဖွင့်လိုက်ပါ ။ Super User မှ Request
တောင်းလျှင် Allow or Grant ပေးလိုက်ပါ ။
- RootExplorer ဖြင့် /system/etc/fallback-fonts.xml ကို ဖွင့်ဖတ်ပါ ။
- အထဲတွင် မြန်မာနှင့်ဆိုင်သော font နာမည် များ ပါမပါ စစ်ပါ ။
ဥပမာ - Padauk.ttf ( ပိတောက် ) , Myanmar , zawgyi
-ပါလာခဲ့လျှင် နာမည်ကို အတိအကျ မှတ်ထားပါ ။
ဥပမာ - Padauk-book.ttf
- မြန်မာနှင့် ဆိုင်သော font နာမည် များ ပါလာခဲ့လျှင် ..........
1. ZawgyiOne.ttf ကို မှတ်ထားခဲ့တဲ့ နာမည် အတိုင်းပြောင်းပါ ။
ဥပမာ . Padauk-book.ttf ဟုတွေ့လျှင် ZawgyiOne.ttf ကို Padauk-book.ttf လို့နာမည်ပေးပါ ။ Padauk-book.ttf နှင့် SamsungMyanmar.ttf ဟု နာမည် ၂ ခုတွေ့လျှင် ZawgyiOne.ttf ၂ ဖိုင်ကို ခုနက နာမည် တစ်ခုစီကို ပြောင်းပါ ။ 4 ခု တွေ့လျှင် 4 ဖိုင်ပြောင်းပါ ။ တွေ့ရင် တွေ့သလောက်ပြောင်းပါ ။
2. ပြီးလျှင် နာမည် ပြောင်းထားသော .ttf font file များကို rootexplorer အားအသုံးပြုပြီး /system/fonts/ ဖိုဒါထဲကို ထည့်ပါ ။ နာမည်တူရှိနေလျှင် overwrite လုပ်ပေးပါ ။ read only ဖြစ်နေလျှင် RootExplorer ၏ အပေါ်နားကခလုပ် (R/W) ကို (R/O) ဖြစ်အောင် တစ်ချက်နှိပ်ပေးပါ ။
3. ထည့်ပြီးသွားလျှင် font file တစ်ခုချင်းဆီကို Permission 644 , rw-r-r ကို ပြောင်းပေးပါ . ( font file ကို အကြာကြီး နှိပ်ထားပြီး Permission ကို ရွေးပြီး permission ပေးပါ )
- မြန်မာနှင့်ဆိုင်သော font နာမည် တစ်ခုမှ မပါခဲ့လျှင် ZawgyiOne.ttf ကို အောက်ပါ အတိုင်း နာမည် ပြောင်းပါ ။
1.Xiaomi ဖြစ်နေပါက Miui-Regular.ttf , Miui-Bold.ttf
2.Xiaomi မဟုတ်လျှင် Android Version ကို ကြည့်ပါ ။
Version 4.0 နှင့်အထက် ဆိုလျှင် -
Roboto-Regular.ttf
Version 4.0 ၏အောက်ဆိုလျှင် -
DroidSansFallback.ttf
-ပြီးလျှင် Permission 644 , rw-r-r ပေးပါ ။
အကုန်ပြီးလျှင် Restart ချပါ ။
Clash Of Clan မြန်မာဖောင့် ထည့်လိုလျှင် Roboto-Regular.ttf တွင် ZawgyiOne.ttf ကို အစားထိုးပါ ။
ဟိုးပထမဆုံး Android ဖုန်းကနေ အခုနောက်ဆုံးထွက်အထိ တင်မက နောက်ထွက်လာမယ့် Android တွေအထိ မြန်မာဖောင့်ထည့်နည်း ပါ grin emoticon

No comments:

Post a Comment