Thursday, January 7, 2016

Capacitor သို့မ ဟုတ် Condeser By ဆရာ ကိုအောင်

မနေ့ ကအဆက်လေးပါ။
Coupling Capacitor
ဒီကပ်စီတာလေးတွေကိုတော့ ဗို့ လမ်းကြောင်းပေါ်မှာမသုံးကြပါဘူး။ signal လမ်းကြောင်း ဖြစ်တဲ့
sound signal
RF signal နဲ့ အခြား အချက်ပြလိုင်းများကို အိုင်စီတစ်လုံးနဲ့တစ်လုံး ပေးပို့ ရာတွင် ၄င်းကပ်စီတာလေးများကိုကြားခံပြီး
ချိတ်ဆက်ထားကြပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ကပ်စီတာတွေကို ဒီစီဗို့ ကို ဖြတ်သန်းခွင့်မပြုပဲ ပိတ်ပေးထားနိင်ပြီး၊
အေစီနဲ့ အချက်ပြလိုင်းများကိုဖြတ်သန်းခွင့်ပြုပေးတဲ့အတွက် အိုင်စီများဗို့ အားမတူညီချက်ကြောင့် ပျက်စီးခြင်းမှလဲကာကွယ်ပေးနိင်ပါတယ်။

ပုံတွင် မိုက်အတွက် လိုအပ်တဲ့ audio signal လမ်းကြောင်းတွေမှာ CPU အိုင်စီနဲ့ တိုက်ရိုက်ချိတ်ဆက်ထားခြင်းမျိုးမဟုတ်ပဲ
ကပ်စီတာလေးနှစ်လုံးနဲ့ ခံပေးထားပါတယ်။
MIC-P, MIC-N လမ်းကြောင်းပေါ်မှာခံပေးထားတဲ့ C1512,C1513 တွေကို coupling capacitor ဟုခေါ်ပါသည်။
၎င်းကပ်စီတာလေးများသည် ဗို့ အားပေးပိုင်းနှင့်တိုက်ရိုက်ဆက်စပ်မှုမရှိတဲ့အတွက် သာမန်အတိုင်းဆို အပျက်အစီးနဲပါတယ်။
ရေ၀င်ပြီးဆားပေါက်မှသာ ပတ်လမ်းပြတ်ခြင်း ၊ခုခံမှုမြင့်တက်ခြင်းတို့ ကြောင့်၊ အသံတိုးခြင်း၊အသံအက်ခြင်းတို့ ကိုဖြစ်စေနိင်ပါတယ်။
Bypass Capacitor
ဒီကပ်စီတာလေးတွေကိုတော့အဓိကအားဖြင့် high frequency ကိုချေဖျက်ပေးရန်လိုသော ပတ်လမ်းများ၊ network ပိုင်းရှိ RC filter ပတ်လမ်းများ
တွင်အဓိကအသုံးပြုကြပါသည်။ low pass filter ပတ်လမ်းများတွင် အများဆုံးတွေ့ ရပါသည်။
ကပ်စီတာများသည် ဖုန်းပတ်လမ်းပေါ်တွင် အသုံးအများဆုံး components လေးများဖြစ်ပြီး အပျက်အစီးလဲများတာ
တွေ့ ရပါတယ်။ ကပ်စီတာလေးများ ရှော့ဖြစ်ခြင်းကြောင့် ပါဝါမလာခြင်း၊ လိုဂိုလေးပေါ်ပြီး ပြန်ကျသွားခြင်း၊ ချာချင်လမ်းကြောင်းများ
ရှော့ဖြစ်ခြင်းစတဲ့ error ပေါင်းစုံ တွေ့ ရပါတယ်။
ကောင်းမွန်တဲ့ ကပ်စီတာလေးတစ်လုံးဟာ မီတာနဲ့တိုင်းတဲ့အခါ လုံးဝမပြတာကိုတွေ့ ရပါတယ်။
အကယ်ရ၊် မီတာတံဟာ အဆုံးထိပြနေလျှင် ၄င်းကပ်စီတာ လေးရှော့ဖြစ်နေပါပြီ။
ပုံတွင် ကပ်စီတာလေးတစ်လုံးကို SMD tester နဲ့ တိုင်းတာပုံကိုပြပေးထားပါတယ်။
တကယ်လို့ ကပ်စီတာရှော့ဖြစ်နေလျှင် 0.L တွင်ပြနေပါမည်။
ကပ်စီတွေကိုတိုင်းတဲ့အခါပတ်လမ်းပေါ်တွင်မတိုင်းပဲ ဖြုတ်ပြီးတိုင်းတာပိုကောင်းပါတယ်။တိကျတဲ့အဖြေကိုရနိင်ပါတယ်။
ပတ်လမ်းပေါ်တွင်တိုင်းသောအခါ၊အခြားဆက်စပ်နေသော components အစိတ်အပိုင်းများကြောင့် တိကျတဲ့အဖြေကိုမရနိင်ပါဘူး။
ပတ်လမ်းတွင်အပြိုင်တတ်ဆင်ထားသော အခြားကပ်စီတာများကြောင့်လဲ ရှော့လက္ခဏာ ပြနေတတ်ပါတယ်။
Filter capacitor တွေရှော့ဖြစ်တဲ့အခါ ၄င်းတို့ တည်ရှိရာ ပတ်လမ်းအလိုက် error အမျိုးမျိုးဖြစ်လာတတ်ပါတယ်။
](1) VBAT Filter များရှော့ဖြစ်ခြင်း။[
ဒီကပ်စီလေးတွေဟာ battery အပေါင်းဗို့ အားလမ်းတစ်လျှောက် သုံးလုံးကနေ ရှစ်လုံးခန့် ရှိနေတတ်ပါတယ်။ပါဝါအိုင်စီဧ၊် နံဘေးတွင်
သာမကပဲ အခြားအစိတ်အပိုင်းများတွင်လဲရှိနေတတ်ပါတယ်။၎င်းကပ်စီတာလေးတွေဟာ အပေါင်းဗို့ အားလိုင်းနှင့် gnd ဂရောင်းလိုင်းတို့ အကြား
ခွပြီးတတ်ဆင်ထားကြတဲ့အတွက် ကပ်စီတာတွေရှော့ဖြစ်တဲ့အခါ အပေါင်းဗို့ လမ်းကြောင်းနဲ့ ဂရောင်းလမ်းကြောင်းတို့ ဟာ ထိစပ်သွားပြီး
ဒီစီဗို့ ကို ဂရောင်းထဲသို့ ဆွဲချခြင်းခံရပါတယ်။ဒါကြောင့်လဲပါဝါမလာနိင်တော့တာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ရှော့ဖြစ်နေတဲ့ကပ်စီတာကို မီတာနဲ့ ရှာမယ်ဆိုရင် ပတ်လမ်းပေါ်ကမဖြုတ်ပဲ on board တိုင်းမယ်ဆိုရင် အထက်တွင်
ပြောခဲ့သော VBAT Filter ဂလုံးစလုံး မည်သည့်အလုံးကိုပဲတိုင်းတိုင်းရှော့ဖြစ်နေသည့် လက္ခဏာပြနေပါမည်။
တစ်လုံးခြင်းကို ဖြုတ်လိုက်ရှာလိုက်လုပ်မည်ဆိုလျှင်ရနိင်ပါသည်၊သို့ သော် အချိန်များစွာကုန်မည်။
ရှော့ရှာရန်လွယ်ကူစေသောနည်းမှာ အမ်ပီယာကိုအသုံးပြုပြီးရှာသောနည်းဖြစ်ပါသည်။
ပုံတွင် အမ်ပီယာကိုအသုံးပြုပြီးရှော့ရှာနိင်သော စပလိုင်းတစ်ခုကိုပြပေးထားပါသည်။
၎င်းစပလိုင်းသည် အနဲဆုံး 1A မှ 3A ကြား ထိ
ချိန်ညှိထားနိင်ပါသည်။5A supply အသုံးပြုနည်းလေးကို ထပ်မံဖော်ပြပေးထားပါတယ်။
တစ်ချို့ပြောကြတာ 5A သုံးရင် အန္တရယ်များလို့ မသုံးရဲဘူးလို့ ပြောကြတယ်တကယ်လဲအန္တရယ်ဖြစ်နိင်လောက်တဲ့အကြောင်း
တွေရှိနေပါတယ်ဒါလေးတွေသိထားစေချင်လို့ ဒီပို့ စ်လေးတင်ပေးလိုက်တာပါအန္တရယ်ဖြစ်နိင်တဲ့အကြောင်း ၂ချက်ရှိပါတယ်
တစ်ချက်က စက်ရဲ့ချို့ယွင်းမှုနောက်တစ်ချက်က အသုံးပြုသူရဲ့ ပေါ့ရော့မှုကြောင့်ပါ
နံပတ်တစ် စက်ရဲ့ချို့ယွင်းမှုအပိုင်းမှာအဖြစ်အများဆုံးကတော့ နံပတ် 4 လို့ ရေးထားတဲ့
volume control လေးပါ သူဟာဘာလုပ်ပေးတာလဲဆိုရင် အထွက်ဗို့ ကိုလိုသလောက် ချိန်ညှိပေးနိင်တဲ့ control လေးပါ
အသံချဲ့စက်တွေမှာသုံးတဲ့ အသံအတိုးအကျယ်control လေးတွေနဲ့ဆင်တူပါတယ်အသံချဲ့စက်တွေမှာအဲဒီ control လေးစားနေရင်
တစ်နည်းအားဖြင့် ပျက်နေရင် အသံတွေတိုးလိုက်ကျယ်လိုက် စူးစူးဝါးဝါးအသံတွေထွက်လာလိုက်နဲ့
အသံဟာတည်ငြိမ်မှုမရှိတော့ပါဘူးanalog control တွေရဲ့အားနည်းချက်တစ်ခုပါ
ဒီလိုပါပဲ 5A မှာလဲ အထွက်ဗို့ ကိုထိန်းထားတဲ့control လေးစားလာရင် ထွက်လာတဲ့ဗို့ တွေဟာတည်ငြိမ်မှုမရှိတော့ပါဘူး
တက်လိုက်ကျလိုက် ဖြစ်လာပါတယ်အရမ်းဆိုးရွားလာရင် ဖုန်းတစ်လုံးကို ရှော့ဖြစ်
သွားနိင်တဲ့အထိ ဗို့ တွေပိုထွက်လာတတ်ပါတယ်ဒီလိုအခြေအနေဖြစ်လာရင် အဲဒီလcontrol လေးကိုအသစ်လဲပေးရင်ကောင်းသွားပါတယ်
electronic အပိုပစ္စ ည်းဆိုင်တွေမှာမေးဝယ်လို့ ရပါတယ်နောက်တစ်ချက် သုံးစွဲသူရဲ့ပေါ့ရော့မှုအပိုင်းကတော့အထွက်ဗို့ ကို အသေအခြာမစစ်ဆေးပဲ အလျင်စလိုဖုန်းနဲ့ချိတ်ဆက်မိခြင်းပဲဖြစ်ပါတယ်ဒါကိုတော့သုံးစွဲသူဘက်မှ သတိထားသုံးစွဲရန်သာ
အကြံပြုလိုပါတယ်အပေါင်းအနှုတ်မှားယွင်းစွာတတ်မိယုံနဲ့တော့လုံးဝမလောင်နိင်ပါဘူး
နံပတ် 5 ကတော့ အထွက်ဗို့ ကို ဒသမ ထိအနုစိတ်ချိန်ညှိလိုတဲ့အခါ အသုံးပြုဖို့ ပါ fine tune လုပ်တဲ့သဘောပါ လိုအပ်တဲ့ဗို့ ရောက်အောင်
4 နဲ့ချိန်ပြီး အနုစိတ်ကို 5 နဲ့ထပ်ညှိပေးတာပါ3နဲ့6 ကတော့ current output အတွက်ချိန်ညှိရတဲ့
အပိုင်းပါတနည်းအားဖြင့်အမ်ပီယာ ကိုလိုအပ်သလိုချိန်တာပေါ့ ရှော့ရှာရင်တော့ အဲ့ဒီ control နှစ်ခုစလုံး
အဆုံးထိတင်ပေးထားရင်ပိုကောင်းပါတယ်လိုအပ်သလိုလဲချိန်ညှိနိင်ပါတယ်
လုံးဝအဆုံးထိလျှော့ချထားပြီးရှော့ရှာမယ်ဆိုရင်တော့အဆင်မပြေနိင်ပါဘူးအမ်ပီယာပါမှလဲ အပူကထွက်လာမှာလေ
ပူတဲ့နေရာတွေ့မှကလဲရှော့ရှာတာတွေ့ မှာပေါ့7 နေရာမှာ အမဲရောင်အပေါက်နဲ့
အစိမ်းရောင်အပေါက် နှစ်ခုပြထားပါတယ်အထွက်ဗို့ ရဲ့Gnd ဂရောင်းလမ်းကြောင်းဖြစ်တဲ့
အတွက်ကြိုက်တဲ့အပေါက်ကိုအသုံးပြုလို့ ရပါတယ်8 ကတော့အပေါင်းဗို့ ထွက်လာမယ့်အပေါက်ပါ9ကတော့သာမန် ဖုန်းစက်နိုးတဲ့အချိန်မှာအစိမ်း
ရောင်မီးလေးလင်းနေပြီး ရှော့ရှိတဲ့အခါမျိုးမှာ10 ဘက်ကိုပြောင်းသွားပြီးမီနီလေးပြနေပါမယ်ဒါဆိုရင်မိမိချိတ်လိုက်တဲ့ဖုန်းဟာတစ်နေရာမှာ
ရှော့ဖြစ်နေပါပြီ1နဲ့2 ကတော့ အမ်ပီယာနဲ့ဗို့ တွေကိုဖော်ပြပေးမယ့် Digital ဒိုင်ခွက်လေးတွေဖြစ်ပါတယ်ဗို့ ကိုသာမိမိလိုသလိုချိန်ညှိခွင့်ရှိပြီး
current ပိုင်းကိုတော့ ရှော့ဆားကစ်အပေါ်မူတည်ပြီးစက်က ဖေါ်ပြပေးပါလိမ့်မယ်ရှော့ရှာပုံအသေးစိတ်ကိုထပ်မံဖော်ပြပေးပါမယ်။
ရှေ့ ဖြစ်နေတဲ့ ပတ်လမ်းတစ်ခုကိုရှော့ရှာနိင်ဖို့ အတွက် လိုအပ်တဲ့ဗို့ ကတော့ 3.5v ဆိုရင်လုံလောက်ပါတယ်။ အမ်ပီယာ control နှစ်ခုကိုတော့
အဆုံးထိချိန်ပေးထားဖို့ လိုပါတယ်။ စက်ပြားနဲ့ ချိန်မဲ့ကြိုးကို တတ်နိင်သမျှတိုတိုသုံးဖို့ လိုပါတယ်။ သိပ်ရှည်နေရင် အပူဟာကြိုးပေါ်မှာပဲ
ပျောက်ဆုံးသွားနိင်ပါတယ်။ နောက်တစ်ချက်က ကြိုးရဲ့ အမျိုးအစားပါ၊ အမျှင်များပြီးအသင့်အတင့်အရွယ်အစားတုတ်ခိုင်တဲ့ကြိုးဖြစ်ဖို့ လိုပါတယ်။
ဒါမှလဲ လျှပ်စီးကြောင်းအပြည့်အ၀စီးဝင်နိင်ပြီး ရှော့ဖြစ်နေသော ကပ်စီတာကို အပူကောင်းစွာ စီးစေနိင်မှာဖြစ်ပါတယ်။
ဒီလို အမ်ပီယာကိုအသုံးပြုပြီး ရှော့ရှာမယ်ဆိုရင် ကပ်စီတာဘယ်နှစ်လုံးပဲ ချိတ်ဆက်ထားထား ရှော့ဖြစ်တဲ့တစ်လုံးတည်းသာ ပူလာမှာ
ဖြစ်တဲ့အတွက် အချိန်ကုန်သက်သာပြီး၊ ခရီးတွင်စေပါတယ်။
ဆက်လက်ဖော်ပြပေးပါမယ်။

No comments:

Post a Comment