Showing posts with label C8816. Show all posts
Showing posts with label C8816. Show all posts

Saturday, November 28, 2015

C8816 PMU BY ဆရာဖြိုးညီ

C8813 Power Sequence အသေးစိတ် နဲ့ ပြစ်ချက်ရှာဖွေပုံကိုတော့ ဂရုမှာ တင်ထားပေးပီးပါပီ ။ ဒါကတော့ C8816 ရဲ့ တစ်ပိုင်းတစ်စ ပါ
ဖေ့ဘုတ်မှာတင်တာဆိုတော့ ပုံတွေနဲ့တွဲတဲ့ရှင်းလင်းချက်တော့ ပါမလာတော့ပါဘူး ။ အားလုံးခြုံငုံမိအောင် ရှင်းပြရတာမလို့ အရမ်းအသေးစိတ်အောင်တော့ ရေးလို့ မရပါဘူး
--------------------------
Huawei C8816 Series တွေမှာ Power Management အနေနဲ့ PM8110 သုံးထားတဲ့ အတွက် PM8029 နှင့် power ပိုင်းကွာခြားချက်တွေ ရှိလာပါတယ်။ သိသိသာသာပြောင်းလဲသွားတာက Charging Management ပိုင်းကိုပါ လုပ်ဆောင်နိုင်စွမ်းရှိလာပါတယ်။ အရင်ဆုံး battery ရဲ့ အပေါင်းငုတ်မှာ 4.0 V ရရှိအောင် ချိန်ညှိထားလိုက်ပါ။ အဲဒီ လမ်းကြောင်းလေးကို VBAT လမ်းကြောင်းလို့ခေါ်ပါတယ်။ အဲဒီ VBAT လမ်းကြောင်းဟာ Power IC ရဲ့ ငုတ်နံပါတ် 80 ကို Battery ရှိမရှိ အာရုံခံတဲ့ Standy By အနေနဲ့ အသုံးပြုထားပါတယ်။ ဒါ့အပြင် 87,95,96 ငုတ်တွေကို လည်း VPH_PWR အတွက် Supply Volt အဖြစ် အသုံးပြုနိုင်မယ့် VBAT1 , VBAT2 , VBAT3 တို့အနေနဲ့ တိုက်ရိုက်ပေးသွင်း ထားပါတယ်။ PMIC ရဲ့ PIN NO.80 ကနေ Standby Volt ရရှိနေပြီဆိုတာနဲ့ PMIC ရဲ့ PIN 101 ကနေ Resistor R2403 ကိုဖြတ်ပြီး 0.8 V ပမာဏလောက်ရှိတဲ့ Power ON ဗို့ ထုတ်ပေးပါတယ်။ User က Power KEY ကိုဖိထားလိုက်တာနဲ့ PMIC ရဲ့ PIN 101 ဟာ 0 V နီးပါးဖြစ်သွားတဲ့အတွက် PMIC က သူ့ကို ပါဝါနှိုးတယ်လို့သိသွားပါတယ်။ ပါဝါ စနှိုးပီဆိုတာနဲ့ ကျနော့်တို့လိုအပ်တာက VPH_PWR ဗို့အားဖြစ်ပါတယ်။ PM8110 IC မှာတော့ VPH_PWR လမ်းကြောင်းထုတ်ပေးနိုင်တဲ့ FET ကို IC ထဲမှာ တပါတည်း ထည့်သွင်းထားတာဖြစ်တဲ့အတွက် အဲဒီလို power ဖွင့်လိုက်တဲ့အချိန်မှာပဲ PMIC ရဲ့ pin 103,104,112 တို့ကနေ VPH_PWR1 , VPH_PWR2 , VPH_PWR3 တို့ကို စုပေါင်းပီး VPH_PWR လမ်းကြောင်းအဖြစ် တိုက်ရိုက် ထုတ်ပေးပါတယ်။ ဒီနေရာမှာ တစ်ခု မှတ်သားစရာရှိတာက PMIC ရဲ့ PIN 99 နဲ့ 115 ဟာ Charging လမ်းကြောင်းအထွက် အတွက် ထည့်သွင်း အသုံးပြုထားတာဖြစ်တဲ့အတွက် VPH_PWR လမ်းကြောင်းနဲ့ မမှားစေချင်ပါဘူး ။
အဲဒီ VPH-PWR လမ်းကြောင်းကိုပဲ PMIC ရဲ့
PIN 31 ကို VREG_S1 အတွက် Supply Volt အဖြစ်၎င်း
PIN 65 ကို VREG_S2 အတွက် Supply Volt အဖြစ်၎င်း
PIN 66 ကို VREG_S3 အတွက် Supply Volt အဖြစ်၎င်း
PIN 52 ကို VREG_S4 အတွက် Supply Volt အဖြစ်၎င်း
အသီးသီး ပေးသွင်းထားပါတယ်။ အထက်ဖေါ်ပြပါအချက်တွေဟာ PM8110 တစ်လုံးတည်းက VPH_PWR လမ်းကြောင်းကို သုံးစွဲထားတဲ့ အခြေအနေတွေဖြစ်ပြီး VPH_PWR ကို အခြားသုံးစွဲထားတဲ့ နေရာ အများအပြားရှိနေပါသေးတယ်။
ဆက်ရန်...