Saturday, November 28, 2015

C8816 PMU BY ဆရာဖြိုးညီ

C8813 Power Sequence အသေးစိတ် နဲ့ ပြစ်ချက်ရှာဖွေပုံကိုတော့ ဂရုမှာ တင်ထားပေးပီးပါပီ ။ ဒါကတော့ C8816 ရဲ့ တစ်ပိုင်းတစ်စ ပါ
ဖေ့ဘုတ်မှာတင်တာဆိုတော့ ပုံတွေနဲ့တွဲတဲ့ရှင်းလင်းချက်တော့ ပါမလာတော့ပါဘူး ။ အားလုံးခြုံငုံမိအောင် ရှင်းပြရတာမလို့ အရမ်းအသေးစိတ်အောင်တော့ ရေးလို့ မရပါဘူး
--------------------------
Huawei C8816 Series တွေမှာ Power Management အနေနဲ့ PM8110 သုံးထားတဲ့ အတွက် PM8029 နှင့် power ပိုင်းကွာခြားချက်တွေ ရှိလာပါတယ်။ သိသိသာသာပြောင်းလဲသွားတာက Charging Management ပိုင်းကိုပါ လုပ်ဆောင်နိုင်စွမ်းရှိလာပါတယ်။ အရင်ဆုံး battery ရဲ့ အပေါင်းငုတ်မှာ 4.0 V ရရှိအောင် ချိန်ညှိထားလိုက်ပါ။ အဲဒီ လမ်းကြောင်းလေးကို VBAT လမ်းကြောင်းလို့ခေါ်ပါတယ်။ အဲဒီ VBAT လမ်းကြောင်းဟာ Power IC ရဲ့ ငုတ်နံပါတ် 80 ကို Battery ရှိမရှိ အာရုံခံတဲ့ Standy By အနေနဲ့ အသုံးပြုထားပါတယ်။ ဒါ့အပြင် 87,95,96 ငုတ်တွေကို လည်း VPH_PWR အတွက် Supply Volt အဖြစ် အသုံးပြုနိုင်မယ့် VBAT1 , VBAT2 , VBAT3 တို့အနေနဲ့ တိုက်ရိုက်ပေးသွင်း ထားပါတယ်။ PMIC ရဲ့ PIN NO.80 ကနေ Standby Volt ရရှိနေပြီဆိုတာနဲ့ PMIC ရဲ့ PIN 101 ကနေ Resistor R2403 ကိုဖြတ်ပြီး 0.8 V ပမာဏလောက်ရှိတဲ့ Power ON ဗို့ ထုတ်ပေးပါတယ်။ User က Power KEY ကိုဖိထားလိုက်တာနဲ့ PMIC ရဲ့ PIN 101 ဟာ 0 V နီးပါးဖြစ်သွားတဲ့အတွက် PMIC က သူ့ကို ပါဝါနှိုးတယ်လို့သိသွားပါတယ်။ ပါဝါ စနှိုးပီဆိုတာနဲ့ ကျနော့်တို့လိုအပ်တာက VPH_PWR ဗို့အားဖြစ်ပါတယ်။ PM8110 IC မှာတော့ VPH_PWR လမ်းကြောင်းထုတ်ပေးနိုင်တဲ့ FET ကို IC ထဲမှာ တပါတည်း ထည့်သွင်းထားတာဖြစ်တဲ့အတွက် အဲဒီလို power ဖွင့်လိုက်တဲ့အချိန်မှာပဲ PMIC ရဲ့ pin 103,104,112 တို့ကနေ VPH_PWR1 , VPH_PWR2 , VPH_PWR3 တို့ကို စုပေါင်းပီး VPH_PWR လမ်းကြောင်းအဖြစ် တိုက်ရိုက် ထုတ်ပေးပါတယ်။ ဒီနေရာမှာ တစ်ခု မှတ်သားစရာရှိတာက PMIC ရဲ့ PIN 99 နဲ့ 115 ဟာ Charging လမ်းကြောင်းအထွက် အတွက် ထည့်သွင်း အသုံးပြုထားတာဖြစ်တဲ့အတွက် VPH_PWR လမ်းကြောင်းနဲ့ မမှားစေချင်ပါဘူး ။
အဲဒီ VPH-PWR လမ်းကြောင်းကိုပဲ PMIC ရဲ့
PIN 31 ကို VREG_S1 အတွက် Supply Volt အဖြစ်၎င်း
PIN 65 ကို VREG_S2 အတွက် Supply Volt အဖြစ်၎င်း
PIN 66 ကို VREG_S3 အတွက် Supply Volt အဖြစ်၎င်း
PIN 52 ကို VREG_S4 အတွက် Supply Volt အဖြစ်၎င်း
အသီးသီး ပေးသွင်းထားပါတယ်။ အထက်ဖေါ်ပြပါအချက်တွေဟာ PM8110 တစ်လုံးတည်းက VPH_PWR လမ်းကြောင်းကို သုံးစွဲထားတဲ့ အခြေအနေတွေဖြစ်ပြီး VPH_PWR ကို အခြားသုံးစွဲထားတဲ့ နေရာ အများအပြားရှိနေပါသေးတယ်။
ဆက်ရန်...

No comments:

Post a Comment