Thursday, March 3, 2016

Xaoimi Mi Pad2 By Telecom Technology

Xaoimi Mi Pad2 ကို SuperSU မှားနှိပ်မိလို့ Logo ရပ်ခဲ့မယ်ဆိုရင်
*************************************************************************
*************************************************************************
ဒီ ပြသနာဟာ တော်တော်လေးကြီးပါတယ်။ ဖြစ်ရတဲ့အခြင်းအရာကို ရှာကြည့် လိုက်တဲ့အခါမှာ Bootloader Unlock မလုပ်လိုက်လို့ဆိုတာကို တွေ့ရပါတယ်။ Mi Pad2 အတွက် Bootloader Unlock Code တောင်းစရာမလိုပေမယ့်လည်း Bootloader Unlock လုပ်ဖို့ဆိုရင် Developer Options ထဲက Enable OEM Unlock ကို အမှန်ခြစ်ပေးထားခဲ့ရပါတယ်။
အမှန်မခြစ်ထားခဲ့မိရင် Fastboot Mode က Encrypt ဖြစ်သွားတဲ့အတွက် Fastboot ကနေ Firmware ပြန်ရေးလို့မရပါဘူး။ ကံဆိုးချက်က Recovery လည်းဝင်မရတဲ့အတွက် Update Firmware နဲ့လည်း ရေးမရပါဘူး။ ဒီတော့ ဖြေရှင်းနည်းလေးကို Step by step ဖော်ပြပေးလိုက်ပါတယ်။ အသုံးလိုတဲ့သူ တွေ အဆင်ပြေနိုင်အောင်ပါ။
အောက်က အဆင့်တွေကို မလုပ်ခင်မှာ Intel USB Driver ကို Google ကနေ ရှာဒေါင်းထားပါ။ ရလာရင် Install လုပ်ပေးထားရပါမယ်။
၁။ Bootloader Locked အနေအထားမှာ ဘယ်လိုမှ Firmware ရေးလို့မရတဲ့အတွက် တမျိုးတဖုံကြံရပါမယ်။ Qualcomm Base မဟုတ်ဘဲ Intel Base ဖြစ်တဲ့အတွက် Qloader ကလည်း ဖြေရှင်းလို့မရပါဘူး။
၂။ ဒါပေမယ့် Intel ဖြစ်တဲ့အချက်ကပဲ ဖြေရှင်းနိုင်မယ့်နည်းကို တွေ့သွားစေတာ ဖြစ်ပါတယ်။ Intel ဟာ Windows Base ဖြစ်တဲ့အတွက် Intel Processor နဲ့လာတဲ့ ဖုန်းတွေကို Windows တင်လို့ရပါတယ်။ ဒီတော့ မရတာကို ဒုက္ခခံစဉ်းစားမနေဘဲ Windows 10 တင်လိုက်ပါမယ်။
၃။ Windows 10 တင်ဖို့အတွက် Windows 10 Firmware လိုပါတယ်။ Windows 10 Firmware ကိုတော့ http://pan.baidu.com/s/1dEwKsSD ကနေ Download လုပ်နိုင်ပါတယ်။ (6.05 GB တောင်ရှိတယ် ငိငိ)
၎။ Download မဆွဲချင်ဘူးဆိုရင်တော့ ကွန်ပျူတာမှာ တင်ရတဲ့ Windows 10 ခွေကို သုံးပြီး Bootable Memory Stick လေးလုပ်ပြီး OTG Cable နဲ့ပဲဖြစ်ဖြစ် OTG Memory Stick နဲ့ပဲဖြစ်ဖြစ် တင်ပေးလို့ရပါတယ်။
၅။ Windows တင်တာက ကွန်ပျူတာနဲ့ အတူတူဖြစ်သလို လွယ်ကူလွန်းတာကြောင့် ချန်ထားခဲ့ပါတော့မယ်။
၆။ Windows တက်သွားပြီးရင် Driver စုံအောင် Install လုပ်ပြီး Windows 10 Tablet အဖြစ် အသုံးပြုလို့ရပါတယ်။
၇။ တကယ်လို့ Windows မသုံးဘဲ Android ပြန်ပြောင်းချင်တယ်ဆိုရင်လည်း ပြန်ပြောင်းလို့ရပါတယ်။ ပြန်ပြောင်းဖို့အတွက် အောက်အဆင့်လေးတွေအတိုင်း လုပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။
၈။ Android ပြန်ပြောင်းဖို့အတွက် Android Firmware လိုပါတယ်။ MiPad2 Android Firmware ကိုhttp://en.miui.com/a-234.html က ဒေါင်းထားပါ။
၉။ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ရင် images.gz ဖိုင်လေးထွက်လာပါမယ်။ အဲဒါကိုပါထပ်ဖြည်လိုက်ရင်တော့ image Folder လေးကို ထပ်ရမှာဖြစ်ပါတယ်။
၁၀။ ဖုန်းကို Fastboot Mode ၀င်ရပါမယ်။ Windows တင်ထားတာဖြစ်တဲ့အတွက် boot.img မပါတဲ့အတွက် သမရိုးကျ Fastboot Mode ၀င်လို့မရပါဘူး။ ဒီတော့ Dx Fastboot Mode ပဲဝင်ရပါမယ်။ Dx Fastboot Mode ၀င်ဖို့အတွက် ဖုန်းကို ပါဝါပိတ်ထားပါ။
၁၁။ ပါဝါပိတ်နေတဲ့ ဖုန်းကိုပဲ Power ခလုတ်နဲ့ Vol + လေးကို ၁၀ စက္ကန့်လောက်တွဲနှိပ်လေးလိုက်တာနဲ့ Dx Fastboot Mode ကို ရောက်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ Dx Fastboot Mode နဲ့လည်း Firmware ရေးလို့မရ သေးပါဘူး။ Firmware ရေးဖို့အတွက် သမရိုးကျ Fastboot Mode လိုအပ်ပါတယ်။
၁၂။ ရိုးရိုး Fastboot Mode ၀င်ဖို့အတွက် fastboot command လေးကို အသုံးပြုရပါမယ်။ fastboot boot လို့ရိုက်ပြီးတော့ ဖြည်ချထားတဲ့ Image ဖိုင်ထဲက loader.efi ဖိုင်လေးကို ဆွဲထည့်ပေးပါ။ ပြီး Enter ခေါက်လိုက်ရင် ရိုးရိုး Fastboot Mode ကိုရောက်သွားပါလိမ့်မယ်။
၁၃။ Fastboot Mode ကိုရောက်သွားရင်တော့ Bootloader unlock လုပ်ပေးရပါမယ်။ ဒီအတွက် fastboot oem unlock လို့ရိုက်ပြီး Enter နှိပ်ပေးပါ။ ဖုန်းမှာ Bootloader Unlock လုပ်၊မလုပ် အတည်ပြုချက်တောင်းလာတဲ့အခါမှာ တော့ Yes ကိုရွေးပေးလိုက်ပါ။
၁၄။ Bootloader ပြုတ်သွားရင်တော့ ကျန်တဲ့ Firmware ပြန်ရေးတာက လွယ်လွယ်လေးပဲဖြစ်ပါတယ်။ Fastboot Command လေးတွေနဲ့ ပြန်ရေးပေးလိုက်ရုံပဲဖြစ်ပါတယ်။ Command မရိုက်ချင်ဘူးဆိုရင်တော့ Intel Phone Flash Tool လေးနဲ့ Firmware ပြန်ရေးနိုင်ပါတယ်။ Intel Phone Flash Tool ကို ဒီကနေ Down နိုင်ပါတယ်။
၁၅။ တကယ်လို့ Flashtool မသုံးပဲ Fastboot Command တွေပဲသုံးမယ်ဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း command လေးတွေရိုက်ပြီး Firmware ရေးသွားရုံပဲဖြစ်ပါတယ်။ လိုအပ်တဲ့ () ပြထားတဲ့ ဖိုင်တွေကိုတော့ ဖြည်ချထားတဲ့ Image Folder ကနေ ဆွဲထည့်ပေးလိုက်ပါ။
* fastboot flash oemvars (oemvars.txt)
* fastboot flash oemvars (oemvars-battery-config-fake-disabled.txt)
* fastboot flash oemvars (oemvars-battery-config-fake.txt)
* fastboot flash gpt (gpt.bin)
* fastboot flash bootloader (bootloader)
* fastboot erase misc
* fastboot erase persistent
* fastboot erase metadata
* fastboot format config
* fastboot format factory
* fastboot format cache
* fastboot flash data (userdata.img)
* fastboot flash system (system.img)
* fastboot flash boot (boot.img)
* fastboot flash recovery (recovery.img)
၁၆။ ပြီးရင်တော့ ပြီးပြီဗျ။ Fastboot reboot ဆိုတာနဲ့ Android နဲ့ပြန်တက်လာပါလိမ့်မယ်။ နောက်တစ်ခါထပ်ဖြစ်စေချင်ရင်တော့ fastboot oem lock ဆိုတဲ့ command နဲ့ ပြန် bootloader lock လုပ်လိုက်ပေါ့ ဟီး စတာပါ။ Developer Options ထဲက Enable OEM Unlock ကို အမှန်ခြစ်ပေးထားခဲ့ ရင် ထပ်မဖြစ်တော့ပါဘူးဗျ။
ဒီ ပြသနာမျိုး ကြုံလာခဲ့ရင် အဆင်ပြေပြေ ဖြေရှင်းနိုင်ကြပါစေဗျာ။ ကျွန်တော်ဆို သုံးလေးရက်လောက် တိုင်ပတ်သွားတယ်။ ငိငိ










Wednesday, March 2, 2016

Huawei Board Software တင်နည်း By Firmware Fix

Huawei Board Software တင်နည်း
G730-U30 လေးနဲ့ စမ်းပြထားပါတယ် ဖြစ်တာက boot image verify failed! ဆိုတဲ့စာတန်းလေးပြနေတာ bootloader state ကလည်း lock ဖြစ်နေတယ် code တောင်းပြီးဖြည်တော့လည်း code မှားနေတယ်လို့ ပြောတဲ့ G730-U30 ဆိုင်သမားတစ်ယောက်အလုံးလေးကို ကလိချင်လို့ ယူစမ်းပြထားပါတယ် စမယ်
Huawei Smart phone Multi-download Software ကိုဖွင့်ပါ ပုံမှာ ပြထားတဲ့အတိုင်း manufacture ကို ရွေးပြီး next နှိပ်ပါ ပထမ ဖွင့်မိပြီး ဘာနှိပ်လို့နှိပ်မိမှန်းမသိတဲ့သူတွေက RESET SETTING.reg ကို right click နဲ့ merge ဆိုတာလေးကိုနှိပ်လိုက်ပါ တချို့တွေကတော့ ရတယ်ပြောတယ် ကျွန်တော့်စက်မှာတော့ အဲ့ reg ဖိုင်လေး run မရဘူး
အဲ့တော့ ဒီလိုလေးရှင်းလိုက်မယ် window key + R နဲ့ run box လေးခေါ်လိုက်ပါ regedit ဆိုပြီးရိုက်မယ် Registry Editor ဆိုပြီး box တစ်ခုပေါ်လာမယ် အဲ့box ထဲကဘယ်ဘက်ခြမ်းက HKEY_USERS ထဲက
S-1-5-21-1331931615-3837818793 ထဲကို ထပ်ဝင်ပါ ပြီးရင် Software>Huawei>QPBLFBML01>Setting ထဲရောက်ရင် ညာဘက် box ထဲက user တို့  default တို့အကုန်လုံး select ပြီး delete လိုက်ပါ default ကတော့ဖျက်လို့မရဘူးပြလိမ့်မယ် ပြသနာမရှိဘူး ပြီးရင် Huawei Smart phone Multi-download Software ကို ပြန်ဖွင့်လိုက်ပါ manufacture ကိုရွေးပေးလိုက်ပါ password အသစ်ရိုက်ခိုင်းလိမ့်မယ် ကျွန်တော်ကတော့ ၁၁၁၁ ဆိုပြီးအလွယ်ပေးလိုက်မယ် ပြီးရင် xml ဖိုင်ကိုရွေးပေးရမယ် board software folder ရဲ့ firmware file ထဲက
MSM8610V100R001C00B001.xml ကိုရွေးပေးပါ folder တွေကို rename လုပ်ပြီး g730 လို့ အလွယ်ပေးထားလိုက် ဒါမှ xml ဖိုင်ရွေးရတာအဆင်ပြေမယ် အိုကေ ရွေးပီးရင် next ကိုနှိပ်လိုက် ပြီးရင်scan and download ကိုဆက်နှိပ်မယ် ဖုန်းကို 9008 mode ၀င်ပြီးကြိုးထိုးလိုက် 9008 ဘယ်လိုဝင်မလဲ testpoint နဲ့ဝင်ဖို့ပြထားတယ် အဲ့တိုင်းလိုက်ဝင် နက်မဖွင့်ချင်ဘူးဆို recovery mode ၀င်ပြီး adb reboot edl လို့ ရိုက်လိုက်.........9008 Mode ကိုသိပြီဆိုတာနဲ့ Huawei Smart phone Multi-download Software က ပုံမှာပြထားတဲ့အတိုင်း % လေးတွေတတ်လာပြီး bootloader image ကို စတင်ရေးနေပါပြီ 40% မှာ rebooting handset လို့ပြပြီး restart ကျပြီးးပုံမှာပြထားတဲ့အတိုင်း 3 colour နဲ့ fastboot mode ကိုရောက်သွားလိမ့်မယ် Huawei Smart phone Multi-download Software က fastbootimage ကိုဆက်ပြီးရေးသွားပါ့လိမ့်မယ် fastbootimage ကိုရေးနေချိန် tool မှာ download bootloader fail လို့ပြနေပါလိမ့်မယ် ဘာမှမဖြစ်ဘူး
download success လို့ပြရင် ရပါပြီ ကဲမပြီးသေးပါဘူး ပါဝါဖွင့်ရင် factory လို့ပဲပြနေလိမ့်မယ် dload နဲ့ ထပ်ရေးရပါမယ် boardsoftware ရဲ့  sd foler ထဲကပါတဲ့ dload နဲ့ရေးလိုက်ပါ firmware တတ်လာပါပြီ boardfirmwareကြီးကိုမကြိုက်ရင် ထပ်ပြီးတော့ မိမိနှစ်သက်ရာ buildnumber များကိုအဆင်ပြေပြေရေးနိုင်ပါပြီ
တစ်ခုထူးတာက Huawei Smart phone Multi-download Software နဲ့တင်ပြီးတော့ fastboot oem get-bootinfo နဲ့ lock unlock လား စစ်လို့မရပေမဲ့ img ဖိုင်တွေကို fastboot flash *img ဆိုပေးပြီး flashခွင့်ပေးတယ်ဗျ not allowed လို့မပြတော့ဘူး ဘာလို့လဲတော့ သိဘူး
အမှားပါရင် ၀င်မန့်ပေးသွားပါ ကျေးဇူးပါ
ရမ်းကလိ



G730-U30 Board_Software လေးလာပေးတာ တင်နည်းမလိုလောက်ဘူးထင်တယ်နော့် 
တော်တော်များများလည်း တင်လို့အဆင်ပြေတယ်
fb ပေါ်မှာ ဆရာတွေ ရေးထားတာတွေအများကြီးပဲ ရှာသာဖတ်ပေတော့
mode ၀င်နည်းကလည်းး အရင်ပိုစ့်မှာတင်ပေးထားတယ် tool လင့်လည်းပေးထားတယ်လိုင်းမကောင်းလို့ ကိုသုညလူ တင်ထားတဲ့ တူးလင့် မလာတယ် G730-U30 boardsoftware ကိုတော့ http://easy-firmwareဒေါ့com ကနေ leech ပေးထားတယ် ဆွဲလိုက်ကြပါအုန်း
G730-U30_M01006_Firmware_China_China.zip 766.3MB
http://pc.cd/If4ctalK
Huawei_Qualcomm_Platform_Bootloader-Fastboot_Multi-Download-1.0.0.2
http://d-h.st/O4B9

Sunday, February 21, 2016

Qualcomm Mode BY Firmware FIX

တချို့ က ချက်ဘောက်မှာ လာလာပြောကြတယ် အကို ပိုစ့်တင်တာကို မကြိုက်တဲ့သူတွေ ရှိကြတယ်တဲ့ ကျွန်တော်ပိုစ့်တွေ ကျွန်တော် အပျင်းပြေထိုင်ကလိတာလေး ဖတ်ရပါစေလို့ တင်ပေးတယ် ကျွန်တော် china site တွေ russia site တွေ indo site တွေ japan site တွေကရှာတယ် search engine တွေကရှာတယ် yun pan yandex .etc တွေကရှာကြည့်တယ် တွေ့ တာတွေ့ တယ် မတွေ့ တာတွေ မတွေ့ ဘူး page မှာပိုစ့်ကောင်း၂လေးတင်ပေးချင်လို့ ဘာတင်ရမလဲစဉ်းစားတော့ qualcomm ကတအားဟော့နေတယ် ကိုယ်လဲ ဘာမှမသိဘူး လိုက်ကလိကြည့်မယ်ဆိုပြိးးကလိကြည့်တာပါ
emmc raw tool ဆိုတာကလည်းနာမည်ကတအားစွပ်ကြီးးဖြစ်ချင်တော့ mmc mode ဆိုတာကြိးဝင်မှရမယ်တဲ့ ကံကောင်းတယ်ပြောရမလား y321 မှာ mmc mode တန်းဝင်လို့ ရခဲ့တယ် backup restore တင်ပေးခဲ့တယ်
ပိုးကမသေဘူးဗျာ ထပ်ရှာတယ် သဲလွန်စတွေတွေ့ တယ် indoကကောင် qpst နဲ့  ဖိုင်လေး၂ဖိုင်၃ဖိုင် ထည့်နှိုးပြီး official rom တွေပြန်တင်သွားတာတွေတွေ့ တယ် လိုက်စမ်းတာပေါ့ လိုက်စမ်းချင်လွန်းလို့  y321 လေးကို mmc mode ဝင်ပြီးး dead သွားအောင် format ချပြစ်လိုက်တာ အိပ်ရေးပျက်သွားတယ် အောင်မြင်တယ် y321 မို့ ထင်ပါရဲ့  လိုအပ်သမျှ ဖိုင်တွေအားလုံးကို လိုင်းပေါ်က public free sharing တွေကရတာပေါ့ဗျာ အော် free ရတာပါလို့  ထည့်ပြောမှဖြစ်မယ်ဗျ ကလိပြီ့း အောင်မြင်သလောက်လေး free share တယ် ဘာလို့ free share့ လဲ ကျွန်တော်ကလိတာလေးတွေ paid အဆင့်မှ မရှိတာ ကလိပါတယ်ဆိုမှ . . .အဲ့ဒါကို လူယုတ်မာလိုလို သူခိုးလိုလိုထင်အောင် ရေးတဲ့သူတွေရှိတယ် ရော်. . . ခက်ပ!! ရယ်စရာတော်တော်ကောင်းတာဗျနော် တွေးပါ နက်နက်နဲနဲတွေးလေ ရယ်ရလေပဲ အောင်မာ တချို့ ကအတို့ အထောင်နဲ့ အောက်ကလုပ်သေးဗျ ပြောချင်ပါဘူး (ပြောပြီးနေပြီ)ကိုယ့်လမ်းကို
်လျောက် ကိုယ်သိသလောက်ကိုယ်ရေးနေတာပါ ကွယ်ကွန်သိသလောက်ဆက်ရွှီးမယ် တချို့ မော်ဒယ်တွေ mmc mode ဝင်ဖို့ အခက်အခဲရှိတယ် ဒါပေမဲ့ qloader ဝင်လို့ ရ ရင် mmc mode ကို ခေါ်လို့ ရပြီလေ အဲ့တော့ qloader ဝင်နည်းလေ့လာတယ် တချို့ တွေ vroot rootgenius တွေနဲ့ ဝင်ကုန်တယ် chatbox မှာ မေးလိုက်ဖြေလိုက် ဖြေလိုက်မေးလိုက်နဲ သေချာရေရာတဲ့နည်းလမ်းမဟုတ်ဘူး ဒါပေမဲ့ ဝင်တဲ့မော်ဒယ်လေးတွေမှတ်ထားရင် အသုံးဝင်သားပဲ ဒါပေမဲ့ test point လေးထောက်ပြိးဝင်လို့ ရ ရင်ပိုမကောင်းဘူးလား test point နဲ့ ဝင်ဖို့ အရင်ဆုံးအင်တာနက်ပေါ် လိုက်ရှာတယ် huawei တွက်မတွေ့ ဘူး miui မှာ mi ဝင်နည်းတော့တွေ့ ခဲ့တယ် sim အထိုင်နား test point လေး၂ခုပူးပြထားတယ် youtube ကလည်း ဝါယာကြိုးလေးနဲ့ ပူးပြထားတဲ့ video လေးတွေ့ တယ် အဲ့တော့ test point ၂ခု ပူးရမယ်ဆိုတဲ့အသိဝင်သွားတယ် အဲ့လိုမှမဟုတ်ရင် point တစ်ခုခုကို Ground ချရမယ်ပေါ့လေ ကျွန်တော်က ကလိတတ်တာကလွဲလို့ ဘာမှမတတ်ဘူးဗျ အဲ့တော့ကလိတာပေါ့ diagram လေးမတောက်တခေါက်ဖတ်ပြီး point တွေလိုက်ရှာဖတ် QFUSE တွေ EFUSE တွေ့ လို့ တွေ ဘာမှန်းလဲမသိပါဘူးး ဟော ဟောာ 4X diagram မှာတော့ Force usb boot ဆိုတာလေး သွားတွေ့ တယ် နာမည်လေးက ဆွဲဆောင်နိုင်လွန်းအားကြီးတယ် ဒါပေမဲ့ ကိုယ့်မှာ စမ်းစရာ 4x ကမရှိဘူး ဆားဗစ်လုပ်နေတဲ့ သူငယ်ချင်းအသိဆိုင်မှာ မင်းမှာ qualcomm ဘာအလုံးရှိသလဲလို့ မေးတော့ G630 ပဲရှိတယ်တဲ့ အေးခဏငှားကွာ ဆိုပြီးးး
ငှားလာခဲ့တယ် G630 diagram ကမရှိဘူးဗျာ
ကျွန်တော့်မှာမရှိတာပြောတာ Test point ဘယ်လိုရှာမလဲ ဟဲဟဲ ကလိပါတယ်ဆိုမှ ဘာမှ မလိုဘူး ရမ်းရှာတာပေါ့ အန္တရာယ်ရှိမဲ့ point တွေ ဖယ်ထုတ်လိုက်တယ် VCHG ဆိုလား ဘာဆိုလားပဲ
တခြား VBAT, DP, DM ဒါတွေဖယ်တယ် network နားဘာနားညာနားတွေမစမ်းဘူး ဘာလုပ်လဲ 4x diagram မှာမြင်ခဲ့တဲ့ဟာလေးကို စိတ်ကူးလေးနဲ့ မှန်းပြီးး ဒါလေးက mode ဝင်တဲ့ Testpoint လေးပဲ နေမှာလို့ တွေးပြီးးး G630မှာလည်း ပါမှာလို့ ယူဆ အထင်အမြင်လေးနဲ့ လိုက်ရှာတာပေါ့ မီတာနဲ့  DP နဲ့ DM ကို Ohm တိုင်းလိုက်တယ် Ohm လည်းမကြည့်တတ်ဘူးဗျ
ကျွန်တော်သိတာ လက်တံလေးတတ်သွားတယ် ကျသွားတယ်ပေါ့ အဲ့ဒီ့လက်တံလေး တတ်သွားတာလေးကိုမှတ်တာပေါ့ဗျာ အဲ့ဒီတော့ ဥပမာ အနေနဲ့  မှတ်ရလွယ်အောင် 100 Ohm လို့ သဘောထားဗျာ ကျွန်တော်သိတာက DP/DM က CPU ထဲကိုသွားတယ် QLOADER ဝင်တဲ့ TESTPOINT ကလည်း CPU ထဲကိုသွားတယ် ဒီတော့ DP နဲ့ DM က 100 Ohm ဆို Qualcomm Testpoint ကလည်း 100 Ohm ဖြစ်မယ်လို့ ယူဆတယ် ကျွန်တော်တွေးတာမှားနိုင်တယ်ဗျနော့် ယုံချင်မှယုံ
ရမ်းသလူးကွက်လို့ ခေါ်တယ် အဲ့ဒီတော့ မီတာလက်တံလေးတတ်တဲ့နေရာလေးမှတ်ပြီးးးတစ်ဘုတ်လုံးးTEST POINT တွေ VCHG VBAT SDA SCL ကလွဲလို့  ကျန်တဲ့ ဖြစ်နိုင်ချေ point တွေလိုက်တိုင်းလိုက်တာ Ohm တူတာ၃နေရာသွားတွေ့ တယ် နှစ်နေရာက DP နဲ့ DM နောက်တစ်နေရာကတော့ QUALCOMM TESTPOINT ပဲပေါ့ဗျာ တွေ့ တော့တွေ့ ပြီ GND ချတယ် မရဘူးဗျ QLOADER MODE မဝင်ဘူး လိုင်းပေါ်ပြန်ရှာတော့ RIFF BOX အကြောင်းရှင်းတဲ့နေရာမှာ BATTERY မတတ်ဖို့ ပြောထားတယ် မတတ်ဘူး GND ချပြီး USB ထိုးတယ်မရဘူး ဒါဆို အနီးနားက POINT တွေနဲ့ ပူးရမှာပေါ့လေ ဇာဂနာလေးနဲ့ ဟိုခွ ဒီခွပေါ့ လိုက်ပူးတာပေါ့ ဟဲ ရသွားလေရော ရသွားတဲ့  နောက် POINT ကို VOLT တိုင်းကြည့်တော့ 1.8V တဲ့ဗျ ဒါဆို သူ့ ENABLE က 1.8V ပေါ့လေ SUPPLY ကနေ ကျွေးကြည့်လိုက်တယ် ရသွားတာပေါ့ TESTPOINT မပါတဲ့ ဘုတ်တွေလည်းရှိတယ်ဗျ ဘယ်လိုရှာရမလဲ လိုက်ရှာဖတ်တော့ de-power လို့ ပြောထားတယ် EMMC VDD ကို GND ချခိုင်းနေတယ် 2.8V လိုင်းကို GND ချခိုင်းတာပေါ့ မစမ်းရသေးပါဘူး စမ်းလို့ အောင်မြင်ရင်တင်ပေးပါအုံးမယ်ဗျာ ဒလောက်ပါပဲ
ကိုယ့်ဘာသာကိုယ်ကလိတယ် ကလိလို့ တွေ့ တာလေးတင်တယ် ကျွန်တော် internet လေးအခုလောက်လေး သုံးတတ်တာ free sharing တွေကြောင့် ကျွန်တော်အားလုံးကို ပြန်ဝေမျှပေးပါတယ် ကျွန်တော့် ရဲ့  free အဆင့်သာသာရှိတဲ့ပိုစ့်လေးတွေပါဗျာာာ
ရမ်းကလိ



Huawei G630-U00 Qualcomm HS-USB Qloader mode 9008 enter (TestPoint) By Firmware FIX

Huawei G630-U00 Qualcomm HS-USB Qloader mode 9008 enter (TestPoint)
ကြိုးလေး၂ချောင်းကိုပဲပူးမလား ဒါမှ မဟုတ် 1.8V လေးကြွေးပြီး qloader ကိုခေါ်မလား 1.8V ကြွေးမယ်ဆို supply မှာ 1.8v ချိန် အနက်ကို G တစ်ခုခု ကိုညှပ် (memory card အထိုင်သံပြားလိုမျိုးပေါ့) အနီကို ဇာဂနာလေးမှာညှပ် ပြီး point လေးကိုထောက်လိုက်ပေါ့ ဝင်ချင်သလိုဝင်ကြည့်ကြ့ G630 မှာ စမ်းပြထားတယ် တခြား ဖုန်းတွေမှာ testpoint ရှာဖို့ လမ်းစလေးချပေးတာပါ
အော် ဟုတ် MSM 8212 file အတွက်လား လာမှာပေါ့ဗျာ လာမယ်
battery တတ်မထားရဘူးနော် battery ကို ဖြုတ်ပြိးဝင်ရမှာ mode ဝင်သွားပြီဆို ကြိုးပြန်ဖြုတ်လို့ ရပြီ သို့ မဟုတ် 1.8v ကြွေးထားတာလေးကို ဖြုတ်လို့ ရပြီ ဒီပုံလေးကို ကြည့်ပြီးး တခြားqualcomm တွေစမ်းကြည့်ကြပေါ့ ဟီးးး cpu အောက်ထဲတန်းဝင်တဲ့ကောင်တွေနော် အခန့်မသင့်ဂိတတ်တယ်လို့ တော့ပြောထားပါရစေဗျာာ




Tuesday, February 16, 2016

Unbrick Qualcomm mobiles with Step-by-step guide BY Many Credits

Unbrick Qualcomm mobiles with Step-by-step guide.
ပထမဆုံးအနေနဲ့
driver signature check ကို disable လုပ်ရတယ်
Computer မှ Window Key ကို နှိပ်ပါ ။ search တွင် cmd လို့ရိုက်ပါ ။ cmd.exe ကို Right Click နှိပ်ပြီး Run as Administrator ဖြင့် Run ပါ ။ အောက်ပါ command ကို
တစ်ကြောင်းရိုက် ပြီးတိုင်း Enter တစ်ချက်နှိပ်ပါ ။
bcdedit.exe /set nointegritychecks OFF
bcdedit.exe -set loadoptions DISABLE_INTEGRITY_CHECKS
bcdedit.exe -set TESTSIGNING ON
ပြီးလျှင် Restart ချပေးပါ ၊ ပြန်ပွင့်လာလျှင် Driver Signature Check ကို Permently ဖြုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
စာမရိုက်ချင်လျှင်
http://d-h.st/ISB1 (credit naing lin )
https://usersfiles.com/s5jwbh44o41a
https://userscloud.com/b8yxif8b4hql
https://my.pcloud.com/publink/show…
Link မှ Batch File ကို Administrator ဖြင့် Run ပြီး 1 ကို နှိပ် ပါ ။ Enable လုပ်ချင်လျှင် 2 ကို နှိပ်ပါ ။
-----------------------------
ှQualcomm driver ဒေါင်း
QualcommDrv.zip, Size 6.85 MB...
http://d-h.st/tpmH
https://userscloud.com/790x2zvo3h3n
--------
နေအုံး ဖုန်းနဲ့ computer နဲ့ မချိတ်ခင် တစ်ခုပြောမယ်
ဖုန်းထဲက battery ကို ၅ sec လောက် ဖြုတ်ထားလိုက်ပါ
ပြီးရင် ပြန်ထည့်ပါ
ပြီးရင် ဘာ Key မှာ မနှိပ်ဘဲ computer နဲ့ ချိတ်လိုက်ပါ
device manager ကို ဖွင့် ကြည့်လိုက်တဲ့ အခါ
Qualcomm HS-USB QDLoader 9008 ပေါ်နေပါလိမ့်မယ်
==============
BrickMyYU.zip 698.92 KB
http://d-h.st/jpwj
https://userscloud.com/gtkqjq85whsw
external MicroSD card ကို exfat အနေနဲ့ format ချပါ
16GB ကျော်တာကို ရွှေးသုံးပါ
ဖုန်းထဲကို sdcard ထည့် adb က နေ အခုလို ရိုက်ပါ
adb shell
su
dd if=/dev/block/mmcblk0 of=/storage/sdcard1/backup.img bs=512 count=30535646
ရတဲ့ image က 16GB ကျော်နေပါလိမ့်မယ်
တကယ်တန်း ချုံလိုက်ရင် 2GB လောက်ဘဲ ရှိပါတယ် ဘာတွေနဲ့ ပွနေလဲ မသိပါ ဟိဟိ
MiniTool_Partition_Wizard_Professional_Edition_9.1_Full-sst.rar 26.58 MB ကို ဆွဲပါ
http://d-h.st/3w8D
https://userscloud.com/ufc9m6t0df6l
pass=susutun
=========
HDDRawCopy1.10Setup.exe 769.58 KB ကို ဆွဲပါ
http://d-h.st/xrwn
https://userscloud.com/jnrwzbvvqajt
---------
HDDRawCopy1.10Portable.exe 1.98 MB
http://d-h.st/gt8h
https://userscloud.com/k20hsm6on21u
credit http://hddguru.com/software/HDD-Raw-Copy-Tool/
==============
နေအုံး ဖုန်းနဲ့ computer နဲ့ မချိတ်ခင် တစ်ခုပြောမယ်
ဖုန်းထဲက battery ကို ၅ sec လောက် ဖြုတ်ထားလိုက်ပါ
ပြီးရင် ပြန်ထည့်ပါ
ပြီးရင် ဘာ Key မှာ မနှိပ်ဘဲ computer နဲ့ ချိတ်လိုက်ပါ
အခု အချိန်က နေစပြီး ဖုန်းနဲ့ laptop or pc နဲ့ မဖြုတ်ပါနဲ့ တော့ ဆက်လက် ချိတ်မြဲ ရှိပါစေ
MiniTool_Partition နဲ့ ကြည့်တဲ့ အခါ မတူတဲ့
Qualcomm’s partitions 29 ခု ကို သင် တွေ့ မြင်ရမယ်
၂၉ ခု လုံး ကို ဖျက်ပလိုက်ပါ
ဖျက်တဲ့ အချိန်မှာ ဖုန်းကို computer နဲ့ ရှိနေပါစေ
ဖုန်းကို ရုတ်တရက် ဆွဲမဖြုတ်ရ
ဖျက်ပြီးရင်
HDDRawCopy tool ကို ဖွင့်
အခုဏက adb က နေ backup လုပ် ထားတဲ့ mmcblk0 ကို ရွှေးလိုက်ပါ
target မှာ Qualcomm MMC Storage ကို ရွှေးလိုက်ပါ
ပြီးရင်start ကို နှိပ်ပါ
ပြီးသွားရင်
MiniTool_Partition ပြန်ဖွင့်
၂၉ ခု လုံး ကို ဖျက်ပလိုက်ပါ
Qualcomm MMC Storage USB Device မှာ Create Partition လုပ်ပါ
one big 16 GB partition ကို Primary Partition ext4” file system နဲ့ လုပ် ပါ
partition ကို နာမည်မပေးရ
apply နှိပ်
အားလုံး ပြီးရင် ဖုန်းကို pc မှ ဖြုတ်
ဖုန်းထဲက battery ကို ၅ sec လောက် ဖြုတ်ထားလိုက်ပါ
ပြီးရင် ပြန်ထည့်ပါ
ပြီးရင် ဘာ Key မှာ မနှိပ်ဘဲ computer နဲ့ ချိတ်လိုက်ပါ
OLD ‘Qualcomm HS-USB QDLoader 9008’ mode”. ကို ရောက်နေပါလိမ့်မယ်
Guide on how to recover “Qualcomm HS-USB QDLoader 9008” MODE
QPST.WIN.2.7_Installer-00425.1.zip, Size 25.68 MB... for lollipop 5.0 and 6.0 ဒေါင်းပါ
http://d-h.st/r8N1
https://userscloud.com/k95oppf2fv6m
https://usersfiles.com/j0p8bs9rgma1
credit
http://www.androidbrick.com/…/latest-qpst-2-7-build-425-qf…/
---------
8675_W00.zip, Size 4.36 MB... ဒေါင်းပြီးဘယ်လို Qfil မှာ ထည့် ရလဲဆိုတာကြည့်
http://www.droidsavvy.com/unbrick-qualcomm-mobiles/
http://d-h.st/NQP1
https://userscloud.com/gbb4fzsljpzp
--------
programmer ဆိုတဲ့ နေရာမှာ prog_emmc_firehose_8936.mbn ထည့်
xml နေရာမှာ rawprogram0.xml ထည့်
patch နေရာမှာ patch0.xml ထည့်
ပြီးရင် download ကိုနှိပ်ပါ
QFil နဲ့ ရေး နေမယ်
ပြီးရင် phone reboot ကျမယ်
ပြန်တက်လာရင် bootloop ဖြစ်နေမယ်
pc ကနေဖြုတ်လိုက်ပါ
fastboot or bootloader mode ကို ၀င်ပါ
ဖန်ဝဲတွေမှာ ပါနေကြ fastboot.bat ကို double click နှိပ်လိုက်
ဒါဆို stock rom ပြန် ရမယ်
credit
http://www.droidsavvy.com/unbrick-qualcomm-mobiles/
ဘာတွေမှန်းတော့ မသိဘူး ဘာသာပြန် ပေးထားတာ နားလည်သလို လိုနဲ့ လည်ထွက်သွားတယ် 

Qualcomm Backup And Restore (eMMC Raw Tool v1.4.0.0) BY Firmware FIX

Qualcomm Backup And Restore (eMMC Raw Tool v1.4.0.0)
Huawei Y321-C00 နဲ့စမ်းပြထားပါတယ် emmc raw tool သုံးပြီး backup ယူဖို့ အတွက် Qualcomm MMC Storage mode ကို ၀င်ရပါမယ်
ပါဝါပိတ်ထားပါ battery ကို ခနအပြင်ထုတ်ပြီး ပြန်ထည့်လိုက်ပေါ့
vol+ ကိုဖိပြီး usb ကြိုးထိုးလိုက်ပါ ဒု ဒု ဆိုပြီး vibrate ၂ ချက်တုန်ပါလိမ့်မယ် device manager မှာ ပုံထဲကအတိုင်း portable devices လို့တတ်လာပြီး format တောင်းပါလိမ့်မယ် cancel နှိပ်လိုက်ပါ ၁ မှာပြထားတဲ့အတိုင်း emmc raw tool က refresh ကိုသုံးလေးချက်နှိပ်လိုက်ပါ Driver မှာ PHYSICALDRIVE1 ဆိုပြီးပေါ်လာပါပြီ ၂ ပြထားတဲ့ ReaFull Image ကိုနှိပ်လိုက်ပါ file ကို save မှတ်ဖို့ Full_image.bin ဆိုတဲ့ နာမည်နဲ့ ဘယ်နေရမှာထားမှာလဲရွေးခိုင်းပါတယ် ကျနော်ကတော့ အလွယ်ပဲ desktop ပေါ်ပေါ့လေ ၃ မှာပြထားတဲ့ ရာခိုင်းနှုန်း၁၀၀ပြည့်ရင် ဖိုင်လေးထွက်လာပြီပေါ့ backup ပြီးပြီ
restore ကလည်း ဒီတိုင်းပဲ mmc storage mode ကို ပြန်ဝင် ၄ မှာပြထားတဲ့ browse ကိုနှိပ် ကိုယ် backup ယူထားတဲ့ Full_image.bin ကိုရွေးပေး ၅ မှာပြထားတဲ့ Write Full Image ကိုနှိပ်လိုက် ၆ မှာပြထားတဲ့ ရာခိုင်းနှုန်း၁၀၀ပြည့်ရင် restore ပြီးပြီ
ဖုန်းပေါ်မူတည်ပြီး Qualcomm MMC Storage Mode ၀င်ရတဲ့ key တွေအပြောင်းအလဲရှိချင်ရှိမယ်
eMMC Raw Tool ကို ဒီမှာ ဒေါင်းလော့ဆွဲပါ
http://d-h.st/OiZL





Qualcomm Deadboot တွေ နှိုးမယ် ( QPST + EMMC Raw Tool) Credit By Firmware FIX

Qualcomm Deadboot တွေ နှိုးမယ် ( QPST + EMMC Raw Tool)
Y321-C လေးပဲဗျာ ကလိရင်း ကလိရင်းး dead သွားတယ် cry emoticon
ပုံမှာ ပြထားတဲ့အတိုင်းပဲ ဘာမှနှိပ်စရာမလိုဘူး ကြိုးထိုးလိုက်တာနဲ့ devices manager မှ Qualcomm HS-USB QDLoader 9008 (COM10) တဲ့ပါဝါလည်းမနိုးဘူး supply နဲ့ချိတ်စမ်းရင် 0.05 amp ပြတယ် ဒါ emmc error လို့အလွယ်သတ်မှတ်တယ် emmc လဲနိုင်တယ် လဲချင်တယ်ဆိုတော့ လဲပေါ့ မလဲနိုင်ဘူး မလဲချင်ဘူးဆို အောက်ကကျွန်တော်ပြောတဲ့တိုင်းလိုက်လုပ် ကျွန်တော်တို့ လိုအပ်တာက rawprogram0.xml နဲ့လာတဲ့ firmware အာ့ firmware ရှိရင်တော့  Qualcomm HS-USB QDLoader 9008 ကနေရေးလို့ရတယ်coolpad 7251 တို့လိုပေါ့ ဒါပေမဲ့ ကျွန်တော့်မှာက ရှိဘူးလေ mmc storage mode( Qualcomm HS-USB Diagnostics 9006) များဝင်လို့ရခဲ့ရင် emm raw tool ကနေပြန်ရေးဖို့ block0 လေးတော့ backup ထုတ်ထားတယ်ဗျ
adb shell
su
dd if=/dev/block/mmcblk0 of=/storage/sdcard1/backup.img
ဒီ command လေးနဲ့ထုတ်လိုက် root ရှိဖို့တော့လိုမယ်နော် Memory card ထည့်ထား ဖုန်းပေါ်မူတည်ပြီး 8GB 16GB လောက်ပေါ့ memory card ထဲကို backup.img ဆိုပြီးးရောက်သွားလိမ့်မယ် memory cardထဲမရောက်ပဲ Internal ထဲရောက်ပြီး not enough space ဖြစ်ခဲ့ရင်
dd if=/dev/block/mmcblk0 of=/storage/sdcard0/backup.img
sdcard1 ကို sdcard0 လို့ပြောင်းရိုက်လိုက်ဗျာ
အိုကေဒါဆို emmc raw tool ကနေ ပြန်ရေးဖို့ backup.img လေးလည်းရပီပေါ့
Qualcomm HS-USB QDLoader 9008 ကနေ emmc raw tool နဲ့ ပြန်ရေးနိင်မဲ့ mmc storage mode( Qualcomm HS-USB Diagnostics 9006) ကို ၀င်မယ် ဘယ်လိုဝင်မလဲဆိုတော့
QPST လေးသုံးပြီးဝင်မယ်
ဒီမှာဆွဲလိုက် ( http://pc.cd/ntHctalK )
install လိုက်ပေါ့ဗျာ ပြီးရင်
C:\Program Files\Qualcomm\QPST\bin ထဲက emmcswdownload.exe ကို Run as administrator နဲ့ဖွင့်လိုက်
ပုံမှာ ပြထားတဲ့အတိုင်း 1 မှာ rawprogram0.xml ကိုရွေးမယ်
အော်မေ့လို့ အာ့ဖိုင်တွေဘယ်ကရမလဲ y320 နဲ့ y321 က hardware ပိုင်းတူတယ် cpu တူတယ်ပေါ့ဗျာ y320 firmware ထဲကယူလိုက်တာပေါ့
ဒါဆိုတခြားအလုံးတွေအတွက်ဖိုင်မရှိရင်ဘယ်လိုရှာရမလဲသိပြီးမလား
cpu တူတဲ့ qualcomm firmware လိုက်ရှာဗျာ coolpad မှာပေါတယ် များကြီးပဲ cpu တူပြီဆို အိုကေပြီ (ရမ်းပြောတာနော် colonthree emoticon )
ဒီမှာ တစ်ခါထဲဒေါင်းလိုက် ဆိုဒ်သေးသေးလေး နောက်အလုံးတွေကျရင် cpu တူ qualcomm firmware ထဲက ဘာတွေယူရမလဲသိပြီပေါ့
http://pc.cd/LqHctalK (8x25cpu file)
8X25_msimage.mbn
EBR0.bin
MPRG8X25.hex
patch0.xml
rawprogram0.xml
အာ့လေးတွေ ကော်ပီကူးပြီ folder အလွတ်ထဲစုထည့်ထားလိုက်
8x25 cpu လို့နာမည်ပေးထားတယ် 8x25 cpu တိုင်းသုံးလို့အဆင်ပြေမယ်လို့ ယူဆတယ်
အိုကေ ပြန်စမယ်
ပုံမှာ ပြထားတဲ့အတိုင်း ၁ မှာ rawprogram0.xml ကိုရွေးမယ်
၂ မှာ 8X25_msimage.mbn လို့နာမည်ပြောင်းမယ် copy ကူးထားတဲ
ဖိုဒါထဲကနာမည်လေးအတိုင်းပေါ့
၃ မှာ MPRG8X25.hex လို့ပြောင်းမယ်
၎ မှာ load xml def ကိုနှိပ်ပြီး patch0.xml ကိုရွေးပေးရမယ်
၈ မှာက 8x25cpu folder ထားတဲ့နေရာကိုရွေးမယ်
အိုကေ ဖုန်းကိုကြိုးထိုးထားနော် device manager မှာ ဒရိုင်ဘာ သိနေပစေ
၅ က download ကိုနှိပ်လိုက် ဟိုစာသားပြ ဒီစာသားပြနဲ့ ခနနေရင် သူ့ဘာသာသူ
၆ မှာပြထားသလို mmc storage mode( Qualcomm HS-USB Diagnostics 9006) mode ကို ၀င်သွားလိမ့်မယ်
ဒါဆို အဆင်ပြေပြီ
၈ နဲ့ ၉ မှာပြသလို emmc raw backup သိပြီဆိုတော့ ပထမတင်ပေးခဲ့တဲ့အတိုင်း ဖိုင်ရွေးပြီး write full image ဆိုအိုကေမှာစိုပြေပြီပေါ့